www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 18, 2015

ကျိုင်းတုံမြို့၌ ထူးချွန်ဆရာ၊ ဆရာမ ရွေးချယ်ရေး စာမေးပွဲနှင့် ထူးချွန်ကျောင်းသား ရွေးချယ်ရေး စာမေးပွဲကျင်းပ



ကျိုင်းတုံ ၊ ၁၈-၈-၂ဝ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ၌ ထူးချွန်ဆရာ၊ ဆရာမ ရွေးချယ်ရေး စာမေးပွဲနှင့် ထူးချွန် ကျောင်းသား ရွေးချယ်ရေး အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲသို့ အထက်တန်းပြ ဆရာ၊ ဆရာမ ၅၈ ဦး၊ အလယ်တန်းပြ ဆရာ၊ ဆရာမ ၅၃ ဦး၊ မူလတန်း ကျောင်းအုပ်၂၈ ဦး၊ မူလတန်းပြ ဆရာ၊ ဆရာမ ၃၄ ဦး၊ ကွန်ပျူတာ စာရေးသုံးဦး၊ ကာယ နည်းပြ သုံးဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁ဝ၈ ဦး ဝင်ရောက် ဖြေဆိုကြသည်။

အင်္ဂလိပ်စာ ရေးဖြေမှုကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ ကို မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ဖြေဆိုကြ ရပြီး အဆိုပါ စာမေးပွဲ ဖြေဆိုမှုကို ပြည်နယ် ပညာရေး ဦးစီးဌာနမှူးရုံး (ရုံးခွဲ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်၊ ခရိုင် ပညာရေးမှူး ဦးခင်ကျော်ဝင်း နှင့် တာဝန်ရှိ သူများက ကြပ်မတ် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။ (၄၁၁)

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger