www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 18, 2015

ရထားလမ်း ခုံးကျော်တံတား အမှတ်(၂)အင်းစိန် ဖွင့်လှစ်



ရန်ကုန် ၊ ၁၈-၈-၂ဝ၁၅

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျ စေရေးအတွက် မီးပွိုင့် လမ်းဆုံများ၌ ကားလမ်းကူး ခုံးကျော်တံတားများ တည်ဆောက်လျက် ရှိရာ အင်းစိန်ပန်းခြံ အနီး တည်ဆောက်လျက် ရှိသော ရထားလမ်း ခုံးကျော်တံတား အမှတ်(၂) အင်းစိန် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊ မြန်မာ့မီးရထား အနေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းကို ၁၉၅၉ ခုနှစ်တွင် စတင်ဖွင့်လှစ် ပေးခဲ့ပြီး ယနေ့အထိ ဘူတာ ၃၈ ဘူတာ၊ ကားလမ်းကူး Level Crossing ၂၅ ခုနှင့် ယခုဖွင့်လှစ် သည့် အင်းစိန်ခုံးကျော် တံတား အပါအဝင် ကားလမ်းကူး ခုံးကျော်တံတား ၂၃ စင်း တည်ဆောက် ပေးပြီး ဖြစ်သည်။ယခုအခါ ရန်ကုန်မြို့၏ လက်ရှိ လူဦးရေသည် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ၇ ဒသမ ၄ဝ သန်းခန့်ရှိပြီး နေ့စဉ် ခရီးသွားဦးရေ တိုးတက် လာသည်နှင့် အမျှ မော်တော်ယာဉ် အသုံးပြုမှု များလာသဖြင့် ရန်ကုန်မြို့တွင်း၌ အထူးသဖြင့် လှည်းတန်း၊ မြေနီကုန်း၊ ရွှေဂုံတိုင်၊ တာမွေနှင့် အင်းစိန်လမ်းဆုံ နေရာများတွင် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး နေရာ ဖြစ်လာပါကြောင်း၊ ယနေ့ အခြေအနေမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက် လာပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ကုန်းလမ်းဖြင့် ကုန်စည် စီးဆင်းမှု ပိုမိုများပြား လာခြင်း၊ လှိုင်သာယာ နှင့် ရွှေပြည်သာ မြို့နယ်တို့ အတွင်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုး လာသည်နှင့် အတူ မြို့ပြနယ်မြေ ဖွံ့ဖြိုးတိုးတက် လာခြင်း တို့ကြောင့် အင်းစိန်မြို့နယ် ကိုဖြတ်သန်းပြီး ရန်ကုန်မြို့တော်သို့ ကုန်စည် စီးဆင်းမှုနှင့် ယာဉ်ဝင်ထွက် သွားလာမှု ပိုမိုများပြား လာ၍ ယာဉ်ကြော ကျပ်တည်းလာခြင်း တို့ကြောင့် မြန်မာ့ မီးရထားမှ လက်ရှိ နှစ်လမ်းသွား ရထားလမ်း ခုံးကျော်တံတား နှင့် မလုံလောက် သဖြင့် နောက်ထပ် နှစ်လမ်းသွား ခုံးကျော်တံတား အသစ် တစ်စင်းကို မူလတံတား အဟောင်းနှင့် ယှဉ်လျက် ထပ်မံတိုးချဲ့ တည်ဆောက်ရခြင်း ဖြစ်သည်။

အင်းစိန်ခုံးကျော် တံတားအမှတ်(၂) မှာ ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကို ကူညီဖြေရှင်း ပေးနိုင်မည့် တံတားသစ် တစ်စင်းဖြစ်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန် စသည့်မြို့နယ်များ ဘက်မှ ပြည်သူများ ရန်ကုန်မြို့တွင်း သို့ စိတ်ချမ်းမြေ့စွာ သွားလာနိုင် တော့မည် ဖြစ်သည်။

အဆိုပါ အင်းစိန်ခုံးကျော် တံတားသစ်သည် လှိုင်သာယာ ဘက်ခြမ်းမှ စော်ဘွားကြီးကုန်း ဘက်သို့ လည်းကောင်း၊ ရန်ကုန်မြို့ ဗဟိုလမ်းသို့ လည်းကောင်း သွားလာနိုင်မည် ဖြစ်သည်။ တံတား၏ အလျားမှာ ပင်မတံတား ၁၅၅၇ ပေရှိပြီး လမ်းခွဲ တံတားမှာ ၆ဝ၃ ပေ၊ တံတား အကျယ်မှာ နှစ်လမ်းသွား ၃၄ ပေရှိပြီး လူသွားလမ်း တစ်ဖက် တစ်ချက် ၃ ပေ၊ ရန်ကုန်ဘက် ၁၂၃ ပေ ဖြစ်သည်။ ရထားလမ်း ကင်းလွတ်အမြင့် ၂ဝ ပေ ၁ဝ လက်မဖြစ်ပြီး ကားလမ်း ကင်းလွတ်အမြင့် ဗဟိုလမ်းဘက် ၁၈ ပေ ၈ လက်မနှင့် အောက် မင်္ဂလာဒုံ လမ်းဘက် ၁၉ ပေ ၁ဝ လက်မဖြစ်ကာ တံတား ခံနိုင်ဝန်မှာ ၇၅တန် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger