www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 18, 2015

အထက်တန်းပြ ရာထူးတိုးစာမေးပွဲ ထပ်မံကျင်းပမည်


ရန်ကုန် ၊ ၁၈-၈-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးရှိ အထက်တန်းပြ ရာထူးတိုး စာမေးပွဲကို လာမည့် သြဂုတ် ၂၃ ရက်တွင် ထပ်မံ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး ရုံးမှ သိရသည်။

အဆိုပါရာထူးတိုး စာမေးပွဲတွင် ပညာရေးဘွဲ့ ရရှိပြီး ရာထူးတိုး မလျှောက်ထား ရသေးသူများ တိုက်ရိုက် လျှောက်ထား နိုင်ကာ ရိုးရိုး ဘွဲ့ရပြီး လုပ်သက်ငါးနှစ် နှင့်အထက် ရှိသည့် အလယ်တန်းပြ ဆရာ၊ ဆရာမများ၊ မူလတန်း ကျောင်းအုပ်များ၊ အင်္ဂလိပ်စာဘွဲ့ ရထားသည့် အလယ်တန်းပြ ဆရာ၊ ဆရာမ များနှင့် မူလတန်း ကျောင်းအုပ် များသည် လုပ်သက် သတ်မှတ်ချက် မရှိဘဲ လျှောက်ထား နိုင်ကာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထား သူများအနက် နေရာဒေသ မရွေး လျှောက်ထား သူများအား ဦးစားပေး ရွေးချယ်မည် ဖြစ်ပြီး ခန့်အပ် ထားသည့် ကျောင်း၌် အနည်းဆုံး သုံးနှစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ အရည်အချင်းစစ်
စာမေးပွဲကို သက်ဆိုင်ရာ ခရိုင် အသီးသီးရှိ သတ်မှတ် ထားသည့် စာစစ်ဌာန များတွင် သြဂုတ် ၂၃ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး မှ သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ ရာထူးတိုး စာမေးပွဲတွင် B.Ed စာပေးစာယူ တက်ရောက်ဆဲ အထက်တန်းပြ (ယာယီ) ခန့်ထားသူများ ဝင်ရောက် ဖြေဆိုနိုင်ပြီး အောင်မြင်ပါက အထက်တန်းပြ အဖြစ် အတည်ပြု ခန့်ထားမည် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အထက်တန်းပြ ရာထူးတိုး စာမေးပွဲကို ဇူလိုင် ၁၁ ရက်တွင် ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယ အကြိမ် ထပ်မံ ကျင်းပခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အခြေခံပညာ ကျောင်းပေါင်း ၂၇ဝဝ ကျော်ရှိပြီး ပညာသင်ကြား နေသည့် ဆရာအင်အား ၃၅ဝဝဝ ခန့်ရှိကြောင်း သိရသည်။(၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger