www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 14, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၈) စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောကင် စိစစ်ရွေးချယ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၈) ဗိုလ်လောင်းများအား 
စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးစဉ်



နေပြည်တော် ၊ ၁၄-၈-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်၊ သီရိဆောင်၌ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅၈) ၏ စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက် သည်။

အဆိုပါ စစ်လက်ရုံး စိစစ်ရွေးချယ်ပွဲ သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ပြီး ဗိုလ်လောင်းများအား စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ် ပေးသည်။

ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ဘုရင့်နောင် တပ်ရင်း ဗိုလ်လောင်း အားကစားကွင်း တည်ဆောက် နေမှုနှင့် အားကစားရုံ များ တည်ဆောက် ပြီးစီးမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်လက်ရုံး စိစစ်ရွေးချယ် မှုအား ဆက်လက် ဆောင်ရွက်ပြီး အောင်ဇေယျ တပ်ရင်း စားရိပ်သာတွင် ဗိုလ်လောင်းများနှင့် အတူတကွ နေ့လယ်စာ သုံးဆောင် ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘုရင့်နောင်တပ်ရင်း ဗိုလ်လောင်း အားကစားကွင်း တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၈) ဗိုလ်လောင်းများနှင့် အတူ နေ့လယ်စာ သုံးဆောင်စဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်းများ နေ့လယ်စာ စားသုံးမှုအား လှည့်လည် ကြည့်ရှု၍ ဗိုလ်လောင်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး စစ်လက်ရုံး စိစစ် ရွေးချယ်မှုအား ဆက်လက် ဆောင်ရွက် ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger