www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 16, 2015

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုမှု သန်း ၂၀ ကျော်ထိ ရှိလာပြီး ရန်ကုန်မြို့တွင် အများပြည်သူသုံး တယ်လီဖုန်းရုံ PCO လျော့နည်းလာ


ရန်ကုန် ၊ ၁၆-၇-၂၀၁၅

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုမှု သန်း ၂ဝ ကျော်ထိ ရှိလာပြီး နောက်ပိုင်း ရန်ကုန်မြို့တွင် အများ ပြည်သူသုံး တယ်လီဖုန်းရုံ (PCO) အရေအတွက် သိသာစွာ လျော့နည်း လာကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း ၌ ၂ဝ၁၂ ခုနှစ် ဝန်းကျင်ထိ အများ ပြည်သူသုံး တယ်လီဖုန်းဆိုင် နှင့် ဖုန်းရုံ အရေအတွက် တစ်ထောင်ကျော် ရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင် အရေအတွက်မှာ ၁ဝဝ အောက်သို့ပင် လျော့နည်း ရောက်ရှိသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အရေအတွက်မှာ နှစ် အနည်းငယ် အတွင်း ပြောင်းလဲ တိုးတက် လာခြင်းကြောင့် အများ ပြည်သူသုံး တယ်လီဖုန်းရုံ အရေအတွက် လျော့နည်း လာခြင်းသည် ရန်ကုန်မြို့ တစ်နေရာ တည်းတွင် မဟုတ်ဘဲ မန္တလေးမြို့ တွင်လည်း အလားတူ လျော့နည်း လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနသည် အများ ပြည်သူသုံး တယ်လီဖုန်းရုံ များကို နောက်ပိုင်း ကာလများ၌ ဆက်သွယ်ရေး ဝေးလံ ခေါင်ဖျားသည့် နယ်မြို့များတွင် အဓိက ထားရှိ ပေးသွားမည် ဖြစ်ပြီး လူနေ ထူထပ်သည့် မြို့ကြီးများတွင် တဖြည်းဖြည်းချင်း လျှော့ချသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger