www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 16, 2015

ပြင်ဦးလွင်မြို့ရှိ ရေတံခွန်များတွင် ရေများနေချိန် ရေဆော့ကစားမှု သတိပြုသင့်



ပြင်ဦးလွင် ၊ ၁၆-၇-၂၀၁၅

ပြင်ဦးလွင်မြို့သည် စိမ့်စမ်း ရေတံခွန် ပေါများပြီး တစ်နှစ်ပတ်လုံး လာရောက် လည်ပတ်သူ မပြတ်လပ်ဘဲ ရောက်လာသူ အားလုံးနီးပါး တို့သည်လည်း ရေတံခွန်များ အတွင်းသို့ ဆင်း၍ ရေကစားရင်း ပျော်ပါးကြကြောင်း သိရသည်။

သို့ သော်လည်း တစ်ခါတစ်ရံ လာရောက် လည်ပတ်ကြ သူများသည် ဧည့်သည်များ ဖြစ်နေသဖြင့် ရေတံခွန်၏ ရေအတိမ်အနက်၊ ရေစီးအား၊ အန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် နေရာတို့ကို သိရှိသူ နည်းပါး လှသည်။

ရေထဲဆင်း ရေချိုးကစား ကြသူများ အထဲတွင် ကျွမ်းကျင်စွာ ရေကူးတတ် သူများ ပါလာနိုင် သကဲ့သို့ ရေလုံးဝ မကူးတတ်သူ များလည်း ပါဝင်နိုင်ပေသည်။ ရေမြင်လျှင် ပျော်ရွှင်တတ်သည့် လူ့သဘာဝ အတိုင်း ရေမကူးတတ် သူများပင် အထောက်အကူပြု ဗောများ၊ မိတ်ဆွေ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းများ အားကိုးဖြင့် ရေထဲဆင်း၍ ပျော်ပါး ဆော့ကစား ကြသည်ကို မြင်တွေ့ နေရသည်။

ရေတံခွန်တွင် တာဝန်ရှိသူများ အနေဖြင့်လည်း များပြားလှသည့် ဧည့်သည်တို့ကို တစ်ဦး တစ်ယောက်ချင်း စီလိုက်၍ သတိပေး တားမြစ်ပြောဆို ကာကွယ် ပေးနိုင်မည် မဟုတ်ပေ။ နွေရာသီ ရေနည်းပါး ချိန်တွင် အန္တရာယ် ဖြစ်ပေါ်မှု နည်းပါးနိုင် သော်လည်း မိုးရာသီ ရေများချိန်တွင် အချိန်မရွေး၊ နေရာမရွေး အန္တရာယ် ကျရောက် နိုင်သည်ကို သတိပြု ဆင်ခြင်သင့်သည်။

ပြင်ဦးလွင်မြို့ရှိ အထင်ကရ ရေတံခွန်များ ဖြစ်ကြသော အနီးစခန်း ဓာတ်တော်ချိုင့် ရေတံခွန်၊ ပွဲကောက် ရေတံခွန် ၊ ပိတ်ချင်းမြောင် ရေတံခွန် စသည့် ရေတံခွန်များ၌ ရေဆော့ ကစားရင်း ရေနစ်သေဆုံးသူ ဦးရေတို့မှာ တစ်နှစ်ထက် တစ်နှစ် များပြား လာကြောင်း သိရသည်။

ထို့ကြောင့် မိုးရာသီကာလ ရေများချိန်တွင် ရေတံခွန်များ၌ လေ့လာ အပန်းဖြေ လည်ပတ်သူများ အနေဖြင့် စိတ်သောက ကင်းဝေးပြီး အန္တရာယ် ကင်းရှင်းစွာဖြင့် ပျော်ရွှင်နိုင်ရန် သတိထား ပျော်ပါး သင့်ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။ (၁၆၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger