www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 6, 2015

ရာသီဥတုဖောက်ပြန်မှု ဆက်လက်ဖြစ်ပေါ် နေပါက ဘေးဒုက္ခသင့်နေသော နိုင်ငံများ တိုးလာဖွယ်ရှိ



ဝါရှင်တန် ၊ ၆-၇-၂၀၁၅

ကမ္ဘာ့ ရာသီဥတုသည် ယခုပုံစံအတိုင်း ဆက်လက် သွားနေမည် ဆိုပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ပါကစ္စတန် နိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံ တို့သည် ရေအောက်သို့ ရောက်သွား ကြဖွယ်ရှိပြီး အချို့သော ကျွန်းနိုင်ငံ လေးများဖြစ်သည့် ကီရီဘီတီနှင့် မာရှယ်ကျွန်းစု တို့သည်လည်း ကမ္ဘာ့မြေပုံ ပေါ်မှ လုံးဝ ပျောက်ကွယ် သွားဖွယ် ရှိနေကြောင်း သိရသည်။

ပျက်စီးစပြု နေသော အာဖရိက မှ ဆီရာလီယွန် မှသည် အီသီယိုးပီးယား နိုင်ငံထိ သေချာပေါက် သဲကန္တာရကြီး ဖြစ်ပွား စေနိုင်သည်။ ဟိမဝန္တာ တောင်တန်းများ ရှိ တောင်ထိပ်များ ပေါ်မှ ရေခဲများ အရည်ပျော်ကျ ကုန်ခြင်းနှင့် အင်းဒီး တောင်တန်းကြီး ပေါ်ရှိ တောင်ထွတ် များတွင် ရေခဲများ အရည်ပျော် ကျကုန်ခြင်း တို့ကြောင့် သောက်သုံးရေ အတွက် ရေခဲတောင်ကြီး များကို အားကိုး နေကြရသော ဒေသခံများ အတွက် ရေပြဿနာ တက်လာ နိုင်သည်။ သို့ဖြစ်၍ လယ်ယာ စိုက်ပျိုးရေးနှင့် သောက်ရေ၊ သုံးရေ သန့်သန့် ရရှိရေးတွင် မကြာမီ အခက်အခဲ များနှင့် ရင်ဆိုင်ရဖွယ် ရှိနေရာ ရေကြည်ရာ မြက်နုရာ ဒေသများ ဆီသို့ မဖြစ်မနေ ရွှေ့ပြောင်းရမှု ကြောင့် လူမျိုးရေး၊ နိုင်ငံရေး တင်းမာမှုများ ကြုံလာ ရကြောင်း သိရသည်။

ယနေ့ ကမ္ဘာကြီးကို အကြီးအကျယ် ဒုက္ခပေး နေသော ကမ္ဘာ့ ရာသီဥတု ဖောက်ပြန် လာရခြင်းမှာ ဖန်လုံအိမ် ဓာတ်ငွေ့ ကမ္ဘာပေါ်တွင် အဆမတန် များပြား လာခြင်းကြောင့် ဖြစ်သည်။ ၄င်း ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ကို စက်မှု တော်လှန်ရေးကြီး ခေတ်မှသည် ယနေ့ထိ ကမ္ဘာ့စက်မှု အထွန်းကားဆုံး နိုင်ငံကြီး များက အကြီးအကျယ် ထုတ်လုပ်ခဲ့ ကြပြီး ယနေ့ထိ ထုတ်လုပ်နေဆဲ ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ကြီး ကိုယ်တိုင်က ယနေ့ ကမ္ဘာကြီး၏ အပူရှိန်သည် စက်မှု ခေတ်ပြောင်း ကာလကြီး မတိုင်မီ ကထက် ၃ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက် မြင့်တက် လာခဲ့ကြောင်း ပြောဆို ထားပြီး ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ စွမ်းအင် အေဂျင်စီကမူ ၄ ဒသမ ၇ ဒီဂရီ ဖာရင်ဟိုက် ထိ တိုး၍ ပူလာခဲ့ကြောင်း ပြောပြသည်။

၎င်းအပူရှိန်ကို လျှော့ချကြရန် လာမည့် ဒီဇင်ဘာလတွင် ပဲရစ်မြို့တော်၌ နိုင်ငံတကာ ခေါင်းဆောင် ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပကြမည် ဖြစ်သည်။ အကယ်၍သာ ညီညွတ်သော သဘော တူညီချက် တစ်ခုခုသာ မချမှတ်နိုင် ခဲ့ပါမူ နောင်အနာဂတ် မျိုးဆက်သစ် များတွင် လူသားရေးရာ အခက်အခဲနှင့် ကြုံတွေ့ကြ ရဖွယ် ရှိနေသည်။ 

World Resources Institute အဖွဲ့ကြီး၏ ထုတ်ပြန်ခဲ့သော သတင်းအရ ၁၈၅ဝ ပြည့်နှစ် မှသည် ၂ဝ၁၁ ခုနှစ်ထိ ကမ္ဘာပေါ်တွင် ရှိနေသော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များ၏ ၂၇ ရာခိုင်နှုန်း သည် အမေရိကန်နိုင်ငံ တစ်ခုတည်း က ထုတ်လွှတ် ခဲ့ကြပြီး ဥရောပ သမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံများက ၂၅ ရာခိုင်နှုန်း၊ တရုတ် နိုင်ငံက ၁၁ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံ က ၈ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံက ၄ ရာခိုင်နှုန်း အသီးသီး ထုတ်လွှတ် ခဲ့ကြကြောင်း ရေးသားဖော်ပြ ထားရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger