www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 14, 2015

အရိုးပါးရောဂါ မဖြစ်ပွားစေရန် ကယ်လ်စီယမ် ကြွယ်ဝသော ဟင်းသီးဟင်းရွက် နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးသင့်



ရန်ကုန် ၊ ၁၄-၇-၂၀၁၅

အမျိုးသမီး များတွင် ဖြစ်ပွားမှုနှုန်း ပို၍များသော အရိုးပါးရောဂါ ကို မဖြစ်ပွားစေရန် ကယ်လ်စီယမ် ဓာတ် ကြွယ်ဝသော ဟင်းသီးဟင်းရွက်၊ နို့နှင့် နို့ထွက်ပစ္စည်း များကို စားသုံး သင့်သည်ဟု ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) ၏ ပြောပြချက် အရ သိရသည်။

အဆိုပါ အရိုးပါးရောဂါ သည် အမျိုးသားများ တွင်လည်း ဖြစ်တတ်ပြီး အမျိုးသမီး များတွင် ပို၍ အဖြစ်များ တတ်ကာ အရိုးပါး ရောဂါသည် စောစီးစွာ သိရှိရန် လွန်စွာ ခဲယဉ်းသည် ဟု သိရသည်။

အရိုးပါး ရောဂါသည် ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် ဖြစ်ပွားတတ်ပြီး အရိုးထု အရေအတွက် နှင့် အရည်အချင်း စွမ်းအားနှစ်မျိုး စလုံး၏ လုပ်ဆောင် နိုင်သော စွမ်းအားများ ကျဆင်း လာတတ်ပြီးနောက် အရိုးပုံ သဏ္ဌာန်များ ပျက်လာပြီး အရိုးကျိုး လာခြင်း ဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ အရိုးပါး ရောဂါသည် အမျိုးသမီးများ သွေးဆုံးချိန်တွင် ခန္ဓာကိုယ်မှ ဟော်မုန်း ထုတ်လုပ်မှု ကျဆင်း သွားခြင်းကြောင့် အရိုးပါးခြင်းကို လျင်မြန်စွာ ဖြစ်ပေါ် တတ်ကြောင်း၊ အရက်ကို အလွန်အကျွံ သောက်သုံးသူ များနှင့် ဗီတာမင်ဒီနှင့် ကယ်လ်စီယမ် ဓာတ် ချို့တဲ့သောသူ များတွင် အဖြစ်များ တတ်ပြီး အရိုးထု Bone Mass လှုပ်ရှားမှု မရှိခြင်း၊ သွေးဆုံးခြင်း၊ အိပ်ရာထဲတွင် ကြာရှည်စွာ လှဲနေခြင်း၊ အရိုးကျိုး၍ ကျောက်ပတ်တီး စည်းထားခြင်း တို့တွင် ဖြစ်တတ်ကြောင်း သိရသည်။

အရိုးမာနှင့် အရိုးပွတွင် အရိုးပွ များတွင် ပို၍ ထိခိုက်နိုင်ပြီး ခန္ဓာကိုယ် အတွင်း၌ အရိုးပွ အများဆုံး ရှိသော နေရာတွင် ပို၍ ခံစားရမည် ဖြစ်သည်။ အရိုးပွ ရောဂါကို ကာကွယ်ရန် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း များကို နာရီဝက်ခန့် ပြုလုပ်ရမည် ဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ နို့နှင့် နို့ထွက် ပစ္စည်းများကို စားသုံးရမည် ဖြစ်ပြီး အရိုးပါးခြင်း ရှိ၊ မရှိကို စစ်ဆေးခြင်းများ ပြုလုပ် သင့်ကြောင်း သိရသည်။

နေနေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger