www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 14, 2015

မြန်မာ့သနပ်ခါးကို တန်ဖိုးမြင့်ထုတ်ကုန် အဖြစ် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စက်မှုနည်းပညာများ နှင့် ကူညီပံ့ပိုးမှုများ လိုအပ်



ရေစကြို ၊ ၁၄-၇-၂၀၁၅

မြန်မာ့ သနပ်ခါးကို ပြည်ပ ဈေးကွက်ထိ ထိုးဖောက် နိုင်ရေးအတွက် သနပ်ခါးကို စက်မှု နည်းပညာ စနစ်သစ် များဖြင့် စမ်းသပ် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းနှင့် သက်ဆိုင်ရာ ဌာန အသီးသီး များ၏ ကူညီ ပံ့ပိုးမှုများ ရရှိပါက တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြည်ပ ဈေးကွက်ထိ ထိုးဖောက် နိုင်ကြောင်း သနပ်ခါး စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်း အဖွဲ့ဝင် ဦးဝင်း ကပြောပြ၍ သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ ရေစကြို ရှင်မတောင် သနပ်ခါး၊ ရွှေဘို သနပ်ခါး၊ အရာတော် သနပ်ခါး ဟု မြန်မာ့ သနပ်ခါးကို ပြည်တွင်း၊ ပြည်ပများက လူသိများကြ သော်လည်း သနပ်ခါး ထုတ်ကုန် ကုန်ကြမ်း များကို အသေးစိတ် ကုန်ချော အဖြစ် မည်သို့မည်ပုံ ပြုလုပ် ဖန်တီး နိုင်သည်ကို ပြည်တွင်း၊ ပြည်ပ လေ့လာသူများ နှင့် သနပ်ခါးစိုက် တောင်သူများပင် အသေးစိတ် သိရှိသူ နည်းပါး ကြသည်။ ထို့ကြောင့် သနပ်ခါးကို အပင်ဖြတ် ရောင်းချခြင်း၊ အဖျားဖြတ် ရောင်းခြင်း၊ အရင်းဖြတ် ရောင်းခြင်း များဖြင့် သနပ်ခါး ချစ်မြတ်နိုး ကြသူများနှင့် တစ်ဆင့် ရောင်းချ သူများ၏ လက်တွင် တန်ဖိုး နည်းထုတ်ကုန်အဖြစ် ပြည်တွင်း ဈေးကွက် အတွင်းသာ အရောင်းအဝယ် ဖြစ်သည်။

အဆိုပါ သနပ်ခါး ပင်ကို သနပ်ခါး အရည်အသွေး မြင့် အဆီအနှစ် ထုတ်လုပ်ရေး အတွက် လိုအပ်ချက် များမှာ သနပ်ခါးနှင့် ပတ်သက်၍ ပြည်တွင်း ၊ ပြည်ပ သုတေသနပြု သူများမရှိခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ သနပ်ခါးနှင့် ပတ်သက်၍ အသိ ပညာရှင်၊ အတတ် ပညာရှင် များကို ဖိတ်ခေါ်ပြီး စမ်းသပ် တီထွင်မှုများ လုပ်ဆောင်မှု မရှိခြင်း၊ သနပ်ခါး ကုန်ကြမ်းကို ပြည်တွင်း သနပ်ခါး အဆီအနှစ် ထုတ်လုပ်နိုင်ရန် အတွက် စက်မှု နည်းပညာ များဖြင့် တီထွင် ဖန်တီးသူများ မရှိခြင်း၊ ၄င်း လုပ်ငန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာန အသီးသီးမှ ကူညီ ထောက်ခံမှုများ အပြည့်အဝ မရရှိသေးခြင်း၊ သနပ်ခါးနှင့် ပတ်သက်ပြီး ကုန်ကျမည့် ဘတ်ဂျက်ငွေ လိုအပ်ချက်များ ရှိနေခြင်း တို့ကြောင့် မြန်မာ့ သနပ်ခါးကို အရည်အသွေးမြင့် အဆီအနှစ် ထုတ်လုပ် နိုင်ရန်အတွက် သနပ်ခါး တန်ဖိုးမြင့် ထုတ်ကုန် အဖြစ် ပြည်ပ ဈေးကွက်သို့ တင်သွင်းရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း ၊ သနပ်ခါး စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်း အဖွဲ့ဝင် ဦးဝင်း က ပြောပြ၍ သိရသည်။

ရွှေကြိုသား

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger