www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 15, 2015

ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့


ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့

ကြည်မြင့်လွင် (မုဒြာ)

ခေါင်းချွေး ထွက်သူများသည် ပူသော ရာသီတွင်ဖြစ်စေ၊ အေးသော ရာသီတွင် ဖြစ်စေ ချွေးရွှဲနေအောင် ထွက်လေ့ ရှိကြသည်။ အချို့သည် ဆောင်းတွင်းမှာပင် ခေါင်းချွေးများ ထွက်လျက် မကြာခဏ သုတ်ပေး နေရသည်ကို တွေ့ရသည်။ အထူးသဖြင့် ဆံပင်ကျွတ်ပြီး ထိပ်ပြောင် သူများသည် ပို၍ ဖြစ်သည်ကို တွေ့ရှိရသည်။

လေမျိုး ၈ဝ တွင် ကိုယ်တွင်း လှည့်လည်နေသော လေရှိသည်။ ထိုလေသည် အထက်သို့ ဆန်လိုက်၊ အောက်သို့ စုန်လိုက် လှည့်လည် နေသည်။ ပုံမှန် လှည့်လည် နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များ လာခြင်း၊ အောက်သို့ အစုန်နည်း လာခြင်း ဖြစ်တတ်သည်။ ထို အထက်သို့ ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေး ထွက်ခြင်းများ ဖြစ်ရပေသည်။

အချို့သူများသည် အပူ၊အစပ်၊ ငရုတ်သီးအစပ်၊ ငရုတ်ကောင်း ခတ်ထားသော ဟင်းချိုရည် သောက်သော အခါမှ အစပ်ကြောင့် လေပူသည် အစာအိမ်မှ အထက်သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများ အတွင်းမှ တစ်ဆင့်ဖြစ်စေ အာကာသ ဓာတ်ပွင့်၍ ရုတ်တရက် ချွေးပြန်လာသည်။ ဤသို့ ခေါင်းချွေး ပြန်ခြင်းသည် ရောဂါ မဟုတ်ပေ။ ခေတ္တခဏ တုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာ၍ အစပ်ကို ဖြေလိုက်လျှင် ပြန်ပျောက် သွားမည် ဖြစ်သည်။

သွေးတိုးရောဂါ ရှိသူ ၊ အလုပ် ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက် တတ်သူများတွင် ခေါင်းချွေးထွက် များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါ ရှိသူများ ညအိပ်ပျော် သောအခါ ခေါင်းချွေး ထွက်တတ်သည်။ ခေါင်းချွေး အထွက်များလျှင် အာခေါင် ခြောက်ပြီး ရေငတ်၍ လန့်နိုးလာ တတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင် ရေများများ သောက်ရန် လိုသည်။ အိပ်ရာဘေးတွင် ရေပုလင်း ထားပြီး အိပ်ပါက ညတစ်ရေးနိုး ရေငတ်လျှင် ထသောက် နိုင်သည်။

စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် အသက် ၄၅ နှစ်ကျော် ၅ဝ တွင်း ရောက်လာပြီးမှ သွေးတိုး အနည်းငယ် ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေး ထွက်သော ရောဂါ ဖြစ်လာသည်။ ဆီးချိုရောဂါ မရှိသေး သော်လည်း မျိုးရိုးရှိသည်။ သူ၏ မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။ အသားစား များသောရက်၊ ဧည့်ခံပွဲ ရှိ၍ အရက်၊ ဘီယာ သောက်မိသော ရက်များတွင် ပို၍ ခေါင်းချွေး ရွှဲနေအောင် ထွက်လေ့ ရှိသည်ကို သတိထားမိ သည်ဟု ဆိုသည်။

ခေါင်းချွေး ပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်းအတွက် သက်သာ စေနိုင်သော နည်းလမ်းမှာ ခြေဖဝါးကို ဆားပွတ်ပြီး ညအိပ်ရာ ဝင်ခါနီး အချိန်တွင် ဒူးဆစ်အထက် မှ အောက်သို့ ရေလောင်း ခြေဆေးခြင်း ဖြစ်သည်။ ဤနည်းကို မှန်မှန် ပြုလုပ်ခြင်းဖြင့် ခေါင်းချွေးထွက် သက်သာသည့် အပြင် အညောင်းအကိုက် များခြင်း၊ ခြေသလုံး ကြွက်တက်ခြင်း၊ ခြေဖဝါး ချွေးမထွက် အက်ကွဲခြင်း များပါ သက်သာ စေနိုင်သည်။

ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခုခု ခံထားပါ။ အင်တုံငယ် တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ် အိုင်အိုဒင်း ပါသော ဆားမသုံး ပါနှင့်။ ဆားကြမ်းကို အသုံးပြုလျှင် ပိုကောင်း ပါသည်။ အဝတ်ရေစိုဖြင့် ခြေဖဝါးကို သန့်စင်အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်းဖြင့် ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။ ဤနည်းအတိုင်း တစ်လှည့်စီ ပြုလုပ်ပေးပါ။ ဆားပွတ်ချိန် သည် ၁၅ မိနစ်မှ နာရီဝက် အတွင်းသာ ကြာသည်။ ဆားပွတ်ပေး၍ ၁ဝ မိနစ် ခန့်ကြာလျှင် ခြေဖဝါးမှ အပူများ ထွက်လာ ပါလိမ့်မည်။ ဦးခေါင်းချွေး များလေ ခြေဖဝါးအပူ ထွက်လေ ဖြစ်သည်။

ဤကဲ့သို့ ဆားပွတ်ခြင်းကို ညနေစောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင် ချိန်မှ ပြုလုပ်ပါက ပြုလုပ်ပြီးလျှင် ဒူးအောက် ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ် ရောဂါ၊ ခါးနာရောဂါများ၊ မျက်စိမကြည်၊ မျက်မှန် ဒီဂရီတိုးသည့် ရောဂါ များပါ သက်သာ စေနိုင်သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger