မန္တလေး ၊ ၇-၇-၂၀၁၅
မြန်မာနိုင်ငံတွင် မကြာခဏ ကြုံတွေ့ ရတတ်သည့် သဘာဝ ဘေးအန္တရာယ် ရှစ်မျိုးခန့် ရှိပြီး အချို့ သဘာဝ ဘေးအန္တရာယ် များသည် ဖြစ်ပေါ်သည့် အချိန် တိုတောင်း သကဲ့သို့ အချို့သည် အချိန် ကြာမြင့်စွာ ဖြစ်ပေါ်လေ့ ရှိသည်။ သဘာဝ ဘေးအန္တရာယ် များသည် နေ့၊ ည အချိန်မရွေး ဖြစ်ပေါ် နိုင်ပြီး၊ ညဘက်ဖြစ်လျှင် ပိုမို၍ ဖြစ်ပေါ် နိုင်ကြောင်း မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်း၊ ဒီရေ၊ မြေငလျင် လှုပ်ခြင်း၊ အပူ လွန်ကဲခြင်း၊ အအေးပိုခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ဘေးအန္တရာယ် တို့ ဖြစ်ပေါ်လေ့ ရှိကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သုတေသန ထုတ်ပြန်ချက် များအရ သိရသည်။
ဆိုင်ကလုန်း မုန်တိုင်း၊ ဆူနာမီ ဘေးများကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ များတွင် ကြုံတွေ့ခဲ့ရပြီး ရေလွှမ်းမိုး ခြင်းကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ မြေပြိုခြင်းကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး တို့နှင့် ရခိုင်ပြည်နယ် တို့တွင် ကြုံတွေ့ရသည်။ အညစ်အကြေး နှင့် သန့်ရှင်းမှုကို မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် တွေ့ရှိရသည်။
ယနေ့ ကာလတွင် မြန်မာနိုင်ငံ သည် အလွန် ပူပြင်းသော နေ့အပူချိန် ဖြစ်ပေါ်မှု အကြိမ်များ တိုးလာပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ မှ ၄ဝ ထက် ပူပြင်းသော အပူချိန် ပမာဏလည်း တိုးလာကြောင်း တွေ့ရသည်။
၁၉၅၁ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ဆယ်စုနှစ် အလိုက် ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံး အပူချိန်များမှာ ၁၉၅၄ ခုနှစ် ဧပြီလတွင် မန္တလေးမြို့ အပူချိန် ၄၃ ဒသမ ၃ ဒီဂရီ ဆဲလ်စီယပ်၊ ၁၉၆၉ ခုနှစ် မေလတွင် မုံရွာမြို့ အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီယပ်၊ ၁၉၈ဝ ပြည့်နှစ် ဧပြီလတွင် မကွေးမြို့ အပူချိန် ၄၆ ဒီဂရီ ဆဲလ်စီယပ်၊ ၁၉၈၉ ခုနှစ် မြင်းခြံမြို့၏ ဧပြီလတွင် အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီယပ်၊ ၁၉၉၉ ခုနှစ် ဧပြီလတွင် ဂန့်ဂေါမြို့ အပူချိန် ၄၆ ဒသမ ၄ ဒီဂရီ ဆဲလ်စီယပ်၊ ၂ဝ၁ဝ ပြည့်နှစ် မေလတွင် မြင်းမူမြို့ အပူချိန် ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီယပ် ထိ ရောက်ရှိခဲ့ပြီး ပူပြင်းခြင်း ကြောင့်ဖြစ်သော နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ခံစားခဲ့ ရသည်။
အပူချိန်များ တိုးလာခြင်းသည် မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ မိုးခေါင်ရေရှား ခြင်းကြောင့် မြေပေါ် မြေအောက်ရှိ ရေလျော့နည်း ရှားပါးခြင်းကို ကြုံတွေ့ လာရပြီး မြစ်ရေများ အလွန်အကျွံ လျော့နည်းခြင်း နှင့် ဆည်နှင့် တမံများ အတွင်း သိုလှောင်သည့် ရေပမာဏ လွန်စွာ လျော့နည်းခြင်းတို့ အပြင် မြေအောက် ရေမျက်နှာပြင် နိမ့်ကျ သွားခြင်းတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (၁၇၂)
#Yadanarpondaily
No comments:
Post a Comment