www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 9, 2013

အဆင့်မြင့် အိမ်ရာစီမံကိန်း တောင်ကြီးမြို့၌ တည်ဆောက်မည်

တောင်ကြီး ၊ ၉-၇-၂၀၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ သည် မြန်မာနိုင်ငံ တွင် ရာသီဥတု ကောင်းမွန်ကာ သန့်ရှင်း သာယာသော မြို့လည်း ဖြစ်ပြီး အင်းလေးကန် ကြီးသည်လည်း ကမ္ဘာတွင် အထင်ကရ သဘာဝ ကုန်းတွင်း ရေအိုင်ကြီး တစ်ခုဖြစ်ရာ နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝ်စားမှု များပြား လာသဖြင့် နိုင်ငံတကာ မှ ၀ယ်ယူ ရင်းနှီးမြှုပ်နှံ ရန်နှင့် နွေရာသီ အပန်းဖြေ နိုင်ရန် အတွက် မြနန္ဒာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီ နှင့် ဂျပန်နိုင်ငံ မှ ဒုတိယ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် IMA_ IRIE MIYAKE ARCHITECTS & ENGINEERS တို့မှ တာဝန်ရှိ သူများသည် ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့ ၊ ကန်ကြီးရပ်ကွက် ရွှေတောင်ကြား အိမ်ရာဝင်း ရှိ မြနန္ဒာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီ ရုံးခန်းမ၌ နိုင်ငံတကာ အဆင့်မီ အဆင့်မြင့် ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ကုမ္ပဏီ ၂ ခုမှ တာဝန်ရှိ သူတို့က ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့် ဆောက်လုပ်မည့် ကွန်ဒိုမီနီယံ ကို ဂျပန်နိုင်ငံ IMA ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ယူ ပုံစံ ထုတ်လုပ်မည် ဖြစ်ပြီး ၄င်းကုမ္ပဏီမှ ကြီးကြပ်ကာ မြနန္ဒာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီ အင်ဂျင်နီယာ အဖွဲ့နှင့် ပူးပေါင်း တည်ဆောက် သွားမည် ဖြစ်သည်။


ယင်း ကွန်ဒိုအိမ်ရာ စီမံကိန်းတွင် အထပ် ၁၂ ထပ် ၊ အခန်းပေါင်း ၁၆၀ ခန့် ပါဝင်မည် ဖြစ်ပြီး ကားရပ်နားရန် အတွက် တစ်ခန်းလဆင် တစ်စီးနှုန်း ၊ ရေကူးကန် ၊ ရေနွေးစိမ်ကန် ၊ အားကစားခန်း ၊ ပန်းခြံ ၊ ကလေးထိန်းကျောင်း ၊ မီးဖိုခန်းမှ လွယ်ကူသော အမှိုက်စွန့်ပစ် စနစ် ၊ အမှိုက်သိမ်း ကား ၊ လုံခြုံရေး ၀န်ထမ်းများ နှင့် CCTV ကင်မရာ ၊ မီးငြှိမ်းသတ်မှု စနစ် ၊ စားသောက်ဆိုင် နှင့် စတိုးဆိုင်များ ပါဝင်မည် ဖြစ်ပြီး အိမ်ခန်းတိုင်း အင်တာနက် အသုံးပြု နိုင်ရန် တပ်ဆင် ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger