www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 29, 2015

ယခုနှစ်အတွင်း မြို့ကြီးသုံးမြို့၌ ရေလမ်း အကောက်စခန်း သုံးခု ထပ်မံဖွင့်လှစ်သွားမည်



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

၂ဝ၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့၌ ရေလမ်း အကောက်စခန်း သုံးခု ထပ်မံ ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ် အတွင်း၌ ပထမဆုံး ရေလမ်း အကောက်စခန်း ကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ အထက်ပိုင်းရှိ ဧရာဝတီ မြစ်ကမ်းအနီး တည်ရှိသော ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသခွဲ ၃ ရုံး၌ တွဲဖက်၍ ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် အနေဖြင့် ယခုနှစ် အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့၌ ရေလမ်း အကောက်စခန်း ၁ဝ ခုအထိ ဖွင့်လှစ်သွားရန် ရည်ရွယ် ခဲ့သော်လည်း အကောက်စခန်း လေးခုသာ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊
ပထမဆုံးသော ရေလမ်း အကောက် စခန်းကို ပြည်မြို့ အထက်ပိုင်း၌ ဖွင့်လှစ်ထားပြီး ဖြစ်ရာ အသစ်ထပ်မံ ဖွင့်လှစ်မည့် အကောက်စခန်း သုံးခုကို မုံရွာ၊ မကွေး နှင့် ဟင်္သာတ စသည့်မြို့ တို့၌ တိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မကွေး အကောက်စခန်းကို ဇွန် ၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို ရေလမ်း အကောက်စခန်း များတွင် နိုင်ငံတော်မှ ပြဋ္ဌာန်း ထားသော ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း ရေယာဉ် ဖြတ်သန်း သွားလာခ များကို စနစ်တကျ သတ်မှတ် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger