www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 1, 2015

ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ မြေမျက်နှာပြင်ရှိ လေထုအပူချိန် မြင့်တက်



မန္တလေး ၊ ၁-၄-၂၀၁၅

မြန်မာနိုင်ငံ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်း တွက်ချက်မှုများ အရ ကမ္ဘာကြီး ပူနွေးလာမှုနှင အတူ မြေမျက်နှာပြင် ရှိ လေထု၏ အပူချိန် သည်လည်း နှစ်စဉ် မြင့်တက်လျက် ရှိကြောင်း၊ တစ်နှစ်ပတ် လုံးတွင် အပူဆုံးလများ ဖြစ်သည့် ဧပြီလနှင့် မေလတို့၏ မြေမျက်နှာပြင် ရှိ လေထု၏ ပျမ်းမျှ အပူချိန် မြင့်တက်လာမှုကို နှစ်ပေါင်း ၁ဝဝ အတွက် ကြိုတင် တွက်ချက်မှု အရ နှစ်စဉ်မြင့်တက် လာနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ၂၁ ရာစုတွင် ကြိုတင် တွက်ချက်မှု အရ ဧပြီလတိုင်းတွင် ကျရောက်မည့် နှစ်ပေါင်း ၁ဝဝ အတွက် မြေမျက်နှာပြင်ရှိ လေထု၏ ပျမ်းမျှ အပူချိန်မှာ ပထမ နှစ် ၃ဝ တွင် သုည ဒသမ ၆ ဒီဂရီ ဆဲလ်စီယပ် မှ ၁ ဒသမ ၆ ဒီဂရီ ဆဲလ်စီယပ် ဖြစ်ပြီး အချိန်ကာလမှာ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၃၉ ခုနှစ်ထိ ဖြစ်ကြောင်း၊ အလယ်အဆင့် နှစ်ပေါင်း ၃ဝ တွင် ၁ ဒသမ ၆၃ ဒီဂရီ ဆဲလ်စီယပ် မှ ၃ ဒသမ ၂ ဒီဂရီ ဆဲလ်စီယပ် ဖြစ်ပြီး အချိန်ကာလမှာ ၂ဝ၄ဝ ပြည့်နှစ်မှ ၂ဝ၆၉ ခုနှစ်ထိ ဖြစ်ကြောင်း၊ နောက်ဆုံးနှစ် ၃ဝ တွင် ၃ ဒသမ ၃၄ ဒီဂရီ ဆဲလ်စီယပ် မှ ၅ ဒသမ ၂၇ ဒီဂရီ ဆဲလ်စီယပ် ဖြစ်ပြီး အချိန်ကာလမှာ ၂ဝ၇ဝ ပြည့်နှစ်မှ ၂ဝ၉၉ ခုနှစ်ထိ ဖြစ်သည်။

ထို့အတူ ၂၁ ရာစုမေလ၏ နှစ်ပေါင်း ၁ဝဝ အတွက် ကြိုတင် တွက်ချက်မှုအရ မြေမျက်နှာပြင်ရှိ လေထု၏ ပျမ်းမျှ အပူချိန်မှာ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၃၉ ခုနှစ်ထိ ပထမနှစ် ၃ဝ အတွက် သုည ဒသမ ၈ ဒီဂရီ ဆဲလ်စီယပ် မှ ၁ ဒသမ ၆ ဒီဂရီ ဆဲလ်စီယပ်ထိ ဖြစ်ကြောင်း၊ အလယ်အဆင့် နှစ်ပေါင်း ၃ဝ တွင် ၂ဝ၄ဝ ပြည့်နှစ်မှ ၂ဝ၆၉ ခုနှစ်ထိ ၁ ဒသမ ၆ ဒီဂရီ ဆဲလ်စီယပ် မှ ၂ ဒသမ ၆ ဒီဂရီ ဆဲလ်စီယပ် ထိတွက်ချက် ရရှိကြောင်း၊ ၂ဝ၇ဝ ပြည့်နှစ်မှ ၂ဝ၉၉ ခုနှစ်ထိ နောက်ဆုံးနှစ် ၃ဝ အတွက် ၃ ဒသမ ၂၉ ဒီဂရီ ဆဲလ်စီယပ်မှ ၄ ဒသမ ၄၃ ဒီဂရီ ဆဲလ်စီယပ်ထိ အပူချိန်များ မြင့်တက် လာနိုင်သည်။

အပူချိန် သိသိသာသာ မြင့်တက် လာမည် သာမက မိုးရွာရက် နည်းလာပြီး မိုးသည်းထန်မှု ပိုလာနိုင်ကြောင်း၊ မိုးရာသီ တိုတောင်းလာပြီး မုတ်သုံမိုး ပုံစံမမှန်ခြင်း များသည် သီးနှံ ထုတ်လုပ်ခြင်း၊ အစားအစာ ဖူလုံမှု လျော့နည်းခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် အဆင့်အတန်း နိမ့်ကျ လာနိုင်ကြောင်း၊ ပုံမှန် မဟုတ်သော ရာသီဥတုကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြစ်ကမ်း တစ်လျှောက် မြေပြိုခြင်း (ပုံ) မြေသား မတည်ငြိမ်ခြင်းများ မကြာခဏ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များ၏ လေ့လာချက်များ အရ သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger