www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 1, 2015

ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုနှင့် ဟိုတယ်နှစ်ခု ရင်းနှီးမြှုပ်နှံခွင့်ပြု


ရန်ကုန် ၊ ၁-၄-၂၀၁၅

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ယခုလ အတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၆ ခုနှင့် ဟိုတယ်လုပ်ငန်း နှစ်ခုကို မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရှိ မိုင်းသောက် ကျေးရွာ၌ မြေ ၅ ဒသမ ၈ ဧကတွင် ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ရန်နှင့် နောက်ထပ် မြေ ၄ ဒသမ ၁ဝ ဧကတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် Asia Green Travels & Tours ကုမ္ပဏီကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် Nyi Naung Oo ကုမ္ပဏီကို မြဝတီ စီးပွားရေး တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်ရန် ကရင်ပြည်နယ် မြဝတီ ကုန်သွယ်ရေးဇုန် အနီးရှိ မြေဧရိယာ ၂ဝ၁ ဧက၊ ဖက်စပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အနေဖြင့် တောင်ဒဂုံ စက်မှုဇုန်တွင် တည်ရှိသည့် Mitron MM ကုမ္ပဏီကို စီဒီ၊ ဒီဗီဒီ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ Green Land ကုမ္ပဏီကို ဂျုံကြိတ်ခွဲ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ Myanmar Japan Rice Industry ကုမ္ပဏီကို ဆန်နှင့် ဆန်ထွက်ပစ္စည်း ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ Liuvia ကုမ္ပဏီကို အသင့်ဖျော် ကော်ဖီ၊ လက်ဖက်ရည်၊ နို့မှုန့်များ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းနှင့် ဂျုံကြိတ်ခွဲ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများ ခွင့်ပြုချက် ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ရွှေလင်ဗန်း စက်မှုဇုန် အတွင်းရှိ Spirolite (Myanmar) ကုမ္ပဏီကို ပေါ်လီ အီသိုင်လင်း ပိုက်နှင့် တိုင်ကီများ ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ ပဲခူးတိုင်း ဒေသကြီး၌ Chens Myanmar  ကုမ္ပဏီကို CMP စနစ် ဖိနပ် ထုတ်လုပ်ခြင်း လုပ်ငန်း၊ Shinsung Tongsang ကုမ္ပဏီကို CMP စနစ် အထည်ချုပ် လုပ်ငန်း၊ Ono ကုမ္ပဏီကို CMP စနစ် အမျိုးသမီး ပိုက်ဆံအိတ် အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် မုတ္တမ ကမ်းလွန်နှင့် တနင်္သာရီ ကမ်းလွန်ရှိ ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် ခြောက်ခု ကိုလည်း နိုင်ငံခြား ကုမ္ပဏီအုပ်စု လေးခုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

လင်းယု

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger