www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 13, 2015

လယ်ယာလုပ်သား ရှားပါးမှုပြဿနာ အဖြေရှာရန် လိုအပ်နေ



ရန်ကုန်၊ ၁၃-၃-၂ဝ၁၅

မြန်မာနိုင်ငံ၌ လယ်ယာလုပ်သား ရှားပါးမှု ပြဿနာကို အဖြေရှာရန် လိုအပ်နေပြီး လုပ်သား ရှားပါးလာမှုကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုကို လျော့ကျ စေနိုင်ပြီး နိုင်ငံ၏ စီးပွားရေးကို ထိခိုက် လာနိုင်ကြောင်း လယ်ယာလုပ်ငန်း အသိုင်းအဝိုင်း မှ သိရသည်။

''အရင်တုန်းက လယ်ယာလုပ်သား တစ်ဦးရဲ့ လုပ်အားခက တစ်နေ့ ၂ဝဝဝ ကျော်လောက်နဲ့ ရပေမယ့် နောက်ပိုင်းမှာ စပါး ရိတ်သိမ်းမယ့် အချိန်ဆိုရင် တစ်နေ့ ၅ဝဝဝ ကျော် ၆ဝဝဝ နီးပါး ပေးနေရပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်မှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသ များမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ လူငယ် အများစုသည် အိမ်နီးချင်း နိုင်ငံများနှင့် မြို့ပြစီမံကိန်း များသို့ ရွှေ့ပြောင်း လုပ်သားအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်မှု များနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်း များကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ရှားပါးမှု ကြုံတွေ့ လာရခြင်း၏ အဓိက အကြောင်းရင်း တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ လယ်ယာလုပ်သား ရှားပါးမှု ပြဿနာ ဖြစ်ပေါ် နေသည်မှာ သုံးနှစ်ကျော် ရှိပြီဖြစ်ပြီး သေချာစွာ ကိုင်တွယ်ဖြေရှင်းမှု မပြုလုပ်နိုင်ပါက နိုင်ငံ၏ စီးပွားရေးကို ထိခိုက် လာနိုင်ကြောင်း လယ်ယာလုပ်သား ရှားပါးမြှု ပဿနာကို ဖြေရှင်းရန် စက်မှုလယ်ယာ သို့ကူးပြောင်း သင့်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

ဂူဂူး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger