www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 13, 2015

အကျိုးတူ ဖက်စပ်ဆောင်ရွက်မည့် အီလက်ထရွန်နစ် ထီလုပ်ငန်း ယခုလအတွင်း အကောင်အထည်ဖော်မည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အစတွင် အီလက်ထရွန်နစ် ထီလုပ်ငန်း အကောင် အထည်ဖော် နိုင်မည်ဖြစ်ြေ
ကာင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

အောင်ဘာလေ ထီလုပ်ငန်းကို အခွန်ဥပဒေနှင့် အညီ ဖြစ်စေရန်၊ ခေတ်မီ အိုင်တီ နည်းပညာသုံး ထီရောင်းချခြင်း စနစ်သို့ ပြောင်းလဲ နိုင်ရန်နှင့် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျိုးတူ ဖက်စပ် ဆောင်ရွက်နိုင်ရန် အစိုးရ အောင်ဘာလေ ထီဥပဒေ  ကြမ်း ကို ပြည်ထောင်စု လွှတ်တော်မှ မတ်လ တတိယပတ် အတွင်း အတည်ပြု နိုင်မည် ဟု ခန့်မှန်းထားသည့် အတွက် ယင်းကဲ့သို့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ် အစတွင် အီလက်ထရွန်နစ် ထီလုပ်ငန်း အကောင် အထည်ဖော် နိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

အခန်း ခုနစ်ခန်း နှင့် ပုဒ်မ ၂၂ ခုပါဝင်သော အစိုးရ အောင်ဘာလေ ထီဥပဒေကြမ်း အရ အီလက်ထရွန်နစ် ထီလုပ်ငန်းကို တည်ဆဲ ဥပဒေများ အတိုင်း ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီ များမှ အစုစပ် လုပ်ငန်းဖြစ်စေ၊ အကျိုးတူ ဖြစ်စေ ပူးပေါင်း ဆောင်ရွက်ခွင့် ရမည်ဖြစ်ပြီး ထီလက်မှတ် ထုတ်ဝေခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ထီဖွင့်ပွဲ ကျင်းပခြင်း နှင့် ထီဆုငွေ ထုတ်ပေးခြင်း လုပ်ငန်းများကို နည်းပညာ အရ လုံခြုံမှု ရှိစေရန် တာဝန်ခံ ရမည် ဖြစ်ကြောင်းနှင့် လုံခြုံမှု ကျိုးပေါက် ခြင်းကြောင့် နိုင်ငံတော် နှင့် ထီကံစမ်း သူများ နစ်နာ ဆုံးရှုံးမှု ပေါ်ပေါက်ပါက ယင်း နစ်နာဆုံးရှုံးမှု အတွက် အပြည့်အဝ ပေးလျော် ရမည်ဟူသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတကာ၌ အီလက်ထရွန်နစ် ထီလုပ်ငန်း စနစ်ကို ကျင့်သုံးလျက် ရှိပြီး ပြည်တွင်း ပြည်ပရှိ ထီဝါသနာရှင် များအတွက် ကံစမ်းခြင်း အပြင် ငွေအားနှင့် ထီကစား လိုသူများလည်း နှစ်သက် နိုင်ကြောင်း ထီ ဝါသနာရှင် များက သုံးသပ် ထားကြကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger