www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ရန်ကုန်မြို့သို့ ဆိုက်ရောက်


တပ်မတော်(ရေ)မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည်များ အိန္ဒိယရေတပ် မှ စစ်ရေယာဉ် INS Saryu နှင့် INS Battimalv တို့ကို ကြိုဆို နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၁၇-၃-၂၀၁၅

အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Saryu နှင့် INS Battimalv တို့သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတား သို့ ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရောက်ရှိလာရာ တပ်မတော်(ရေ )မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် နှစ်စင်းတွင် အိန္ဒိယနိုင်ငံ ရေတပ်မှ Commodore Deepak Kumar ဖြစ်သူဦးစီး၍ အရာရှိ၊ စစ်သည် ၁၇၁ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၁၆ ရက်မှ ၁၈ ရက်ထိ သုံးရက်ကြာ နေထိုင်လေ့လာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger