www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 17, 2015

ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ခံစစ်ယူပြင်ဆင် ထားသည့် ပွိုင့် - ၁၄၆၈ တောင်ကုန်းအား တိုက်ခိုက်ချေမှုန်း



နေပြည်တော် ၊ ၁၇-၃-၂၀၁၅

လောက်ကိုင်မြို့ အရှေ့ဘက်ရှိ ပွိုင့်- ၁၂၁၉ တောင်ကုန်းတွင် လုံခြုံရေး ဆောင်ရွက် နေသော တပ်မတော် စစ်ကြောင်းအား မတ် ၁၅ ရက် ညနေပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အားအချို့က လက်နက်ငယ်၊ လက်နက်ကြီး များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အတူ ပါစင်ကျော်ရွာ မှ ဘီပီ- ၁၃၇ သို့သွားသော ကားလမ်းကြောင်း တစ်လျှောက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကားလမ်း မြောက်ဘက်ခြမ်း ရှိ ပွိုင့်- ၁၄၆၈ တောင်ကုန်းအနီး ၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ တောင်ကုန်းတွင် ခံစစ်ယူ ပြင်ဆင်ထားသော ကိုးကန့် သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်းများက ဆက်လက် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ပြီး အရာရှိ၊ စစ်သည် ငါးဦး ဒဏ်ရာရရှိ ခဲ့၍ ဒဏ်ရာရရှိ သူများအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger