www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 13, 2015

အခွန်ကြီးမြင့်မှုကြောင့် ၀ိုင်လုပ်ငန်းများ တစ်ပိုင်တစ်နိုင် ဖြင့်သာ ထုတ်လုပ်နိုင်



ပြင်ဦးလွင် ၊ ၁၃-၃-၂၀၁၅

မြန်မာနိုင်ငံတွင် သစ်သီးမျိုးစုံမှ ဝိုင်ထုတ်ခြင်းကို အဓိကအား ဖြင့် ပြင်ဦးလွင်မြို့ တွင် အများဆုံး ထုတ်လုပ်ပြီး မက်မန်း၊ စပျစ်၊ စတော်ဘယ်ရီ စသည့်တို့ကို ဝိုင်ထုတ်၍ ဈေးကွက်တင်ပို့ ရောင်းချသည်ကို တွေ့ရသည်။ 
ပြင်ဦးလွင် ဒေသထုတ် ဝိုင်များမှာ အရည်အသွေး အဆင့်အတန်း မီကြောင်း၊ ဈေးကွက်အတွင်း မှသိရပြီး အိတ်စ်ပို့ လည်း တင်ပို့နိုင်သည့် အရည်အသွေး ရှိကြောင်း ဝိုင်ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက ပြောပြသည်။

သို့သော် ဝိုင်ထုတ်လုပ်မှုတွင် အခွန် ပေးဆောင်ရမှု မြင့်မားသောကြောင့် ဝိုင်လုပ်ငန်းရှင်များ အနေဖြင့် အများအပြား ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ဝိုင်က နိုင်ငံတကာ သောက်သုံးကြတယ်။ ဒီနိုင်ငံမှာ ကုန်ကြမ်းပစ္စည်း ရှိတယ်။ ဒါပေမဲ့ အခွန် ကြီးမြင့်မှုကြောင့် များများ မထုတ်နိုင်ဘူး။ နိုင်ငံတော်အနေနဲ့ အခွန်နဲ့ ပတ်သက်ပြီး ဖြေလျော့မှုတွေ လုပ်ပေးနိုင် ရင်တော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် တွေလဲ အဆင်ပြေ သွားနိုင်ပါတယ်'' ဟု ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် ကုန်ကြမ်း ရှိသော်လည်း ကုန်ချောအဖြစ် ထုတ်လုပ်၍ ဈေးကွက် အတွင်းသို့ အမြောက်အမြား တင်ပို့နိုင်ရန် အတွက် အခက်အခဲများစွာ ရှိနေသေးကြောင်း သိရသည်။

ပြည်တွင်းထုတ် ဝိုင်များကို အိတ်စ်ပို့ လုပ်မည်ဆိုလျှင် အခွန်များကို လျှော့ချပေးရန် လိုအပ်နေပြီး အလုပ်သမားခ မှာလည်း စရိတ်ကြီးမြင့်ခြင်း၊ လောင်စာများ ရှားပါးသောကြောင့် ထုတ်လုပ်မှု မှ ရရှိလာသည့်ဝိုင် များမှာ တရုတ်မှောင်ခို ဝင်လာသည့် ဝိုင်များနှင့် ဈေးနှုန်းမယှဉ် နိုင်သောကြောင့် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

အနောက်နိုင်ငံ များ၌ အရည်အသွေး ပိုင်းနှင့် ဈေးနှုန်းပိုင်း တို့တွင် ကောင်းမွန် သောကြောင့် ဝိုင်သောက်သုံးမှု ကျယ်ပြန့်ပြီး မြန်မာနိုင်ငံ၌ ဝိုင်သောက်သုံးမှုမှာ စရိတ်ကြီးမြင့် နေခြင်းတို့ကြောင့်  သောက်သုံးသူ နည်းပါးကြောင်း ဝိုင်ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက ပြောပြသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger