www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံမြန်မာလုပ်သား ၁၀၀ ကျော်အား စစ်ရေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်မည်




နေပြည်တော် ၊ ၂၀-၃-၂၀၁၅

Langkawi International Maritime Aerospace Exhibition(LIMA-2015) အစည်းအဝေးကို မလေးရှားနိုင်ငံ Langkawi တွင် မတ် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပလျက် ရှိသည်။

မြန်မာ့ တပ်မတော်(ရေ )မှ Frigate အမျိုးအစား စစ်ရေယာဉ် မဟာသီဟသူရ ( F-23 ) သည် အဆိုပါ အစီအစဉ်တွင် ပူးပေါင်း ပါဝင်လျက် ရှိပြီး အဆိုပါ ရေယာဉ် အပြန်ခရီးတွင် မလေးရှား နိုင်ငံရောက် ဖမ်းဆီးခံ မြန်မာ လုပ်သား ၁ဝဝ ကျော်ကို ပြန်လည် ခေါ်ဆောင် လာမည် ဖြစ်သည်။

အဆိုပါ မြန်မာ အလုပ်သမားများ တင်ဆောင်လာမည့် မြန်မာ့ တပ်မတော် စစ်ရေယာဉ် မဟာသီဟသူရ သင်္ဘောသည် မတ် ၂၇ ရက်တွင် မြန်မာ့ရေပြင်သို့ စတင် ဝင်ရောက် လာမည် ဖြစ်ကြောင်း သိရှိရသည်။

သန်းဦး (လေးမျက်နှာ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger