www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 12, 2015

စစ်ပွဲကာလအတွင်း ကျဆုံးခဲ့သော ဂျပန်ရဲဘော်များ၏ ဂူဗိမာန်ကို ထိန်းသိမ်းပေးခြင်းဖြင့် ဂျပန်ခရီးသွားလုပ်ငန်း များကို ပိုမိုဆွဲဆောင်နိုင်



မုံရွာ ၊ ၁၂-၃-၂၀၁၅

မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးပွား စေရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက် ဗေဒါလမ်းရှိ စစ်ပွဲကာလ အတွင်း ကျဆုံးခဲ့သော ဂျပန်ရဲဘော် များ၏ အရိုးဂူဗိမာန် ကို သက်ဆိုင်ရာမှ ထိန်းသိမ်း စောင့်ရှောက် ပေးခြင်းအားဖြင့် ဂျပန်ခရီးသွား လုပ်ငန်းများကို ပိုမိုဆွဲဆောင် နိုင်မည် ဖြစ်ကြောင်း မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးကို လေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ပြောပြသည်။

''နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကိုလဲ တိုးပွားစေနိုင် သလို ခရီးသွား လုပ်ငန်းကိုလဲ ပိုမိုဆွဲဆောင် နိုင်တာကြောင့် ပြုပြင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဂျပန်ရဲဘော် များ၏ အရိုးစုများ စုပေါင်းထားရှိရာ ဂူဗိမာန်သည် စစ်ပွဲကာလ အတွင်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာတိုက်ပွဲ နှင့် မိုးရေး၊ တမူး နယ်စပ်တိုက်ပွဲ များ၌ ကျဆုံးခဲ့သော ဂျပန်မျိုးချစ် ရဲဘော်များ၏ ရုပ်ကြွင်း အရိုးစုများကို စုပေါင်း၍ တည်ဆောက် ထားခြင်း ဖြစ်သည်။

''ဂျပန် ဧည့်သည်တော်တွေ လာတဲ့အခါတိုင်း လိုက်ပို့ပေး ရပါတယ်။ အဲဒီ ဗိမာန် အနီးဝန်းကျင် တစ်ခုလုံးက အမှိုက်ပုံကြီး တွေနဲ့ အလွန်ညစ်ပတ် နေတဲ့အတွက် ဧည့်သည်တော်တွေ အပေါ် အားတုံ့အားနာ ဖြစ်ရပါတယ်'' ဟု အိုးဘိုတောင် ရပ်ကွက် ဗိုလ်ချုပ်လမ်း ရှိ ဂျပန်ဘာသာ သင်တန်းပို့ချ ပေးနေသူ နည်းပြဆရာ တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသော ဂျပန်နိုင်ငံသား အများစု၏ တန်ဖိုးထား မြတ်နိုးရာ အဆိုပါ ဂူဗိမာန်နှင့် အနီးဝန်းကျင်ကို သန့်ရှင်းသာယာ လှပစေရန် ပြုပြင်ဆောင်ရွက် ပေးခြင်းဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကို အပြန်အလှန် တန်ဖိုးထား လေးစားသည့် ဂုဏ်အင်္ဂါများဖြင့် ပြည့်စုံစေကာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း များကိုလည်း ပိုမိုဆွဲဆောင် နိုင်စေမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အကျိုးဆောင် တစ်ဦး၏ ပြောပြချက် များအရ သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger