www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 5, 2015

Google နှင့် Uber မောင်းသူမဲ့ ကားဈေးကွက်တွင် ပြိုင်ဘက်များ ဖြစ်လာနိုင်


Uber and Google reportedly go to war over self-driving taxis

မီတာ့စ်ဘာခ် ၊ ၅-၂-၂၀၁၅

Uber ကုမ္ပဏီက မောင်းသူမဲ့ ကားများ ထုတ်လုပ်ရန် စမ်းသပ်မည့် အစီအစဉ်များကို ကြေညာခဲ့ကာ Uber မှာ မောင်းသူမဲ့ ကားဈေးကွက်တွင် Google နှင့် ပြိုင်ဘက်များ ဖြစ်လာ နိုင်ကြောင်း သိရသည်။

Uber ကုမ္ပဏီက ပီတာ့စ်ဘာခ် မြို့ရှိ Carnegie Mellon တက္ကသိုလ်နှင့် ပူးပေါင်းကာ Uber အဆင့်မြင့် နည်းပညာ စင်တာအတွက် ရန်ပုံငွေ ရှာသွားမည် ဖြစ်ကြောင်း သိရသည်။

Uber ကုမ္ပဏီမှာ Carnegie Mellon တက္ကသိုလ်မှ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ နှင့် နီးကပ်စွာ အလုပ်လုပ် နိုင်မည် ဖြစ်သည့်အပြင် NREC စက်ရုပ် နည်းပညာ အင်ဂျင်နီယာ စင်တာနှင့်လည်း ယာဉ်လုံခြုံရေး နှင့် မောင်းသူမဲ့ ယာဉ် နည်းပညာများ အပေါ် သုတေသန လုပ်ငန်းများ၊ ဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း Uber က ဆိုသည်။

လက်ရှိ အချိန်တွင် ကမ္ဘာ တစ်ဝန်းရှိ မြို့ပေါင်း ၂ဝဝ ခန့်တွင် တက္ကစီ ဝန်ဆောင်မှု ပေးနေသော Uber ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ်တွင် Google က ဒေါ်လာသန်း ၂၅ဝ ခန့် ရင်းနှီးမြုပ်နှံ ခဲ့ဖူးကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် Uber ကားသမား တစ်ဦးက တက္ကစီ ငှားရမ်းသူကို အတင်းအဓမ္မ ပြုကျင့်ခဲ့ သောကြောင့် နောက်ပိုင်းတွင် Uber ကားသမားများမှာ တင်းကျပ်သော စစ်ဆေးမှုများ ခံရသဖြင့် အငြင်းပွား စရာများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

Uber က မောင်းသူမဲ့ ကားများ ထုတ်လုပ်ရန် အစီအစဉ်များ ကြေညာသည့် အပေါ် Google ကတိုက်ရိုက် တုံ့ပြန် ပြောကြားခြင်း မရှိသေး သော်လည်း Google က တွစ်တာ စာမျက်နှာပေါ်၌ Uber နှင့် Lyft ကုမ္ပဏီတို့ကို သုံးစွဲသူများမှာ အဆင်ပြေ လိမ့်မည်ဟု ထင်မှတ်ကြောင်း၊ ၄င်းတို့ သည်လည်း Uber နှင့် Lyft ကို အားပေးလေ့ ရှိကြောင်း ပြောပြခဲ့သည်။ Uber က ထုတ်လုပ်ရန် စမ်းသပ်နေသည့် နည်းပညာ အချို့တွင် မြေပုံနှင့် ကားလုံခြုံရေး နည်းပညာ တို့လည်း ပါဝင်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger