www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 5, 2015

အီလက်ထရွန်နစ် စကရင် ကြာရှည် အသုံးပြုခြင်းကြောင့် လူငယ်များ အိပ်စက်ပုံမမှန် ဖြစ်၍ ပညာပေးသင့်


Not enough sleep and too much screen time linked to childhood obesity

နော်ဝေ ၊ ၅-၂-၂၀၁၅

လူငယ်များသည် တက်ဘလက်၊ စမတ်ဖုန်း ကဲ့သို့ အီလက်ထရွန်နစ် ကိရိယာများကို အသုံးပြုချိန် ကြာမြင့်သည် နှင့်အမျှ အိပ်စက်ခြင်း ကိုလည်း ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်စေကြောင်း၊ အသက် ၁၆ နှစ်မှ ၁၉ နှစ်အရွယ် လူငယ် သောင်းချီကို နော်ဝေ သိပ္ပံပညာရှင် များက လေ့လာ တွေ့ရှိ ထားသည်။

''ကျောင်းချိန် ပြီးသွားလို့ အီလက်ထရွန်နစ် ကိရိယာ တွေကို နှစ်နာရီကျော် အသုံးပြု ကြမယ်ဆိုရင် အိပ်ရာ ဝင်ချိန်ကို နောက်ကျ စေနိုင်သလို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်တာလဲ နည်းလာတာ ကို တွေ့ရပါတယ်။ ကျွန်တော်တို့  စူးစမ်းလေ့လာ ခဲ့တဲ့ လူငယ်အားလုံး နီးပါးက အိပ်ရာ မဝင်ခင်လေးမှာ ဖုန်း၊ တက်ဘလက် သုံးတယ်လို့ ပြောပြပါတယ် ..'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။ လူငယ်များသည် လက်ကိုင်ဖုန်း၊ တက်ဘလက် စကရင်ကို ဖွင့်လိုက်သည်နှင့် ဖွင့်ရန် ရှိသည်များကို တစ်ခုပြီး တစ်ခု ဖွင့်လှစ်ခြင်းဖြင့် အိပ်ချိန် အမြောက်အမြား ပါသွားလေ့ ရှိရာ တစ်ညလျှင် ၅ နာရီ ပြည့်အောင် အိပ်စက်သည့် လူငယ်မှာ အလွန်ပင် ရှားပါးနေပြီ ဖြစ်ကြောင်း၊ လူငယ် အများစုမှာ အိပ်ရာထဲတွင် ရောက်ရှိချိန် ၈ နာရီခန့် ရှိသော်လည်း တစ်ကယ်တမ်း အိပ်စက်ချိန်မှာ ၄ နာရီကျော်သာ ရှိကြောင်း၊ လက်ကိုင်ဖုန်း၊ တက်ဘလက် များကို အပျော်တမ်း သုံးစွဲနေ၍ ဖြစ်ကြောင်း သိရသည်။

နေ့အချိန် စကရင် သုံးစွဲမှုသည် လေးနာရီနှင့် အထက်ဖြစ်လျှင် လူငယ်များ အိပ်စက်မှုကို ၄၉ ရာခိုင်နှုန်း အနှောင့်အယှက် ပေးနိုင်ပြီး ညအိပ်ချိန် သည်လည်း ၅ နာရီအောက် ဖြစ်သွားလေ့ ရှိကြောင်း၊ အီလက်ထရွန်နစ် စကရင် အသုံးပြုချိန် ကြာလာခြင်း နှင့် အိပ်စက်ချိန် လျော့သွားခြင်း တို့သည် တိုက်ရိုက် အချိုးကျ နေကြောင်း သုတေသီများက ပြောပြသည်။

ကမ္ဘာပေါ်တွင် စမတ်ဖုန်း ၊ တက်ဘလက် နှင့်အတူ မူကွဲ ကွန်ပျူတာ အမျိုးအစား ပေါင်း မြောက်မြားစွာ ထွက်ပေါ်လျက် ရှိပြီး လူငယ် အများစုက ဆက်သွယ်ရေး နှင့် လုပ်ငန်း ကိစ္စထက် ဂိမ်းဆော့၊ ချက်တင်ထိုင်၊ အပျော်အပါး ကိစ္စများ အတွက်သာ ၄င်း အီလက်ထရွန်နစ် ပစ္စည်းများကို အသုံးပြုမှု များပြားရာ ၄င်းတို့၏ သဘာဝ အတိုင်း အိပ်စက်ချိန်ကို ဆိုးရွားစွာ အနှောင့်အယှက် ပေးနေပြီး ဆက်စပ် ဆိုးကျိုးများကို လူငယ်များ သာမက လူ့ဘောင် လူ့အသိုင်းအဝိုင်း ကပါ ခံစားရမည် ဖြစ်သည့် အတွက် လူငယ်များကို အီလက်ထရွန်နစ် စကရင် သုံးစွဲချိန်၊ အိပ်စက်ချိန်ကို မထိခိုက် စေရန် ပညာပေးမှုများ အစဉ်တစိုက် ပြုလုပ် သင့်ကြောင်း နော်ဝေ သုတေသီ များက အကြံပြု ထားကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger