www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

Drama Fever ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို Song JiHyo ရရှိ


Song Ji Hyo Best Actress and Boldest Moment Acceptance Speech–3rd Annual DramaFever Awards!




ဆိုးလ် ၊ ၁၁-၂-၂၀၁၅

ကိုရီးယား မင်းသမီးချော Song JiHyo သည် ဖေဖော်ဝါရီ ၅ ရက်က (၃) ကြိမ်မြောက် ကျင်းပ ပြုလုပ်ခဲ့ သည့် Drama Fever ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်ဆု ကို ဆွတ်ခူးရယူ နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ကျင်းပ ပြုလုပ်သည့် (၃)ကြိမ်မြောက် Drama Fever ရုပ်ရှင် ဆုပေးပွဲ၌ Song JiHyo သည် အကောင်းဆုံး အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်ဆု ကိုရရှိခဲ့ပြီး tvN ကိုရီးယား ရုပ်သံလိုင်းမှ ရိုက်ကူး တင်ဆက်သည့် Emergency Couple ဒရမ်မာ ဇာတ်လမ်းတွဲဖြင့် ရရှိခဲ့ခြင်း ဖြစ်ကာ အဆိုပါ ဇာတ်လမ်းတွဲသည် အကောင်းဆုံး ကိုရီးယား ဒရမ်မာ ဇာတ်လမ်းတွဲဆု ကိုလည်း ရရှိခဲ့သည့် အပြင် Drama Fever ရုပ်ရှင် ဆုပေးပွဲမှ ပေးအပ်သော ဆုများသည် ကမ္ဘာအနှံ့မှ ပရိသတ်များက မဲပေး၍ ပေးအပ်သော ဆုများ ဖြစ်ကြောင်း သိရသည်။

Song JiHyo သည် Emergency Couple ဒရမ်မာ ဇာတ်လမ်းတွဲတွင် အဓိက အမျိုးသမီး သရုပ်ဆောင် Oh Jin Hee နေရာမှ ရိုက်ကူးထားခြင်း ဖြစ်ပြီး Emergency Couple ဒရမ်မာ ဇာတ်လမ်းတွဲသည် ကိုရီးယားနိုင်ငံ ရှိ ဒရမ်မာစာရင်း များ၏ ထိပ်ဆုံးတွင် နှစ်ပတ်မျှ ရပ်တည် နေခဲ့ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger