www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 8, 2015

တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ်


တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် တပ်မတော် စစ်တီးဝိုင်း က သရုပ်ပြ ဖျော်ဖြေစဉ်

နေပြည်တော် ၊ ၈-၂-၂၀၁၅

နှစ် (၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်း စစ်ရေးပြ ကွင်း၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က မိန့်ခွန်း ပြောကြားသည်။ ထို့နောက် တပ်မတော် စစ်တီးဝိုင်း က သရုပ်ပြ ဖျော်ဖြေပြီး တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် က ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ နှစ် (၇ဝ) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှ ၂ဝ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၇ ဖွဲ့ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger