www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 8, 2015

ဆေးတက္ကသိုလ် များ၌ ယခုနှစ်အတွင်း သုတေသန လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ပေးနိုင်ရန် စီစဉ်



ရန်ကုန် ၊ ၈-၂-၂ဝ၁၅

ဆေးတက္ကသိုလ် များ၌ ယခုနှစ် အတွင်း ရာခိုင်နှုန်း အနည်းငယ်သာ လုပ်ဆောင် နိုင်ခဲ့သော သုတေသန လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင် ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဆေးတက္ကသိုလ် များ၌ သုတေသန လုပ်ငန်းများ လုပ်ဆောင်ရန် မူဝါဒ ရှိခဲ့သော်လည်း ငွေကြေး ထောက်ပံ့မှုများ အားနည်း ခဲ့ခြင်းကြောင့် သုတေသန လုပ်ငန်းများကို အနည်းငယ် မျှသာ လုပ်ဆောင် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှ တင်သွင်းလျက် ရှိသော ဆေးဝါးများ ဖြင့်သာ ကျန်းမာရေး ကဏ္ဍတွင် အသုံးပြု နေရပြီး ဆေးသုတေသန လုပ်ငန်းများစွာ လုပ်ဆောင် လာနိုင်ပါက ဆေးဝါး ထုတ်လုပ်မှု အပိုင်းများပါ တိုးတက် လာမည်ဖြစ်၍ တိုးမြှင့် လုပ်ဆောင် နိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေး ကဏ္ဍတွင် နိုင်ငံပိုင် သာမက ပုဂ္ဂလိက ကဏ္ဍတွင်လည်း ဆေးပညာရှင်များ ပေါ်ထွက် လာစေရန်၊ ကျန်းမာရေး စောင့်ရှောက်မှုများ တိုးတက် လာစေရန် နှင့် ကုသရေး အရည်အသွေးများ ပိုမိုမြင့်မား လာစေရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် ဆေးနှင့် ဆေးဘက် ပညာသင် တက္ကသိုလ် များ၌ ဘွဲ့လွန် မဟာသိပံ္ပ သင်တန်းများ နှင့် ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်ပေး၍ ယင်းသင်တန်း များသို့ ယခင်က နိုင်ငံ့ဝန်ထမ်း များကိုသာ တက်ရောက် ခွင့်ပြု ခဲ့သော်လည်း ယခုအခါ ပြင်ပ ဆရာဝန်များ ပါ တက်ရောက် နိုင်စေရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ဆေးသုတေသန လုပ်ငန်းများ တိုးမြှင့် လုပ်ကိုင် ရာတွင် ဆေးပညာရှင် များစွာ ပေါ်ထွက်လာရန် လိုအပ်သော ကြောင့် မွေးထုတ်ပေးမှု အပိုင်းများတွင် အရေအတွက် ထက် အရည်အချင်း ပြည့်မီသော ဆေးပညာ ရှင်များ ပေါ်ထွက်လာရန် အထူး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးတက္ကသိုလ် ဝင်ခွင့်ရမှတ် တိုးမြှင့် ခဲ့ခြင်းကြောင့် ကျောင်းသား အရေအတွက် လျှော့ချ နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆေးနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် များ၌ သင်ကြား နေသည့် ဆရာ ဗဟိုပြု သင်ကြားရေး စနစ်မှ ကျောင်းသား အခြေပြု သင်ကြားရေး စနစ်သို့ ပြောင်းလဲရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ကျောင်းသား အခြေပြု သင်ကြားရေး စနစ်ကို လက်ရှိ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များ၌ စတင် လုပ်ဆောင်နိုင်ရန် စီစဉ်နေပြီး ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍအတွက် ဆေးနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၁၅ ခုမှ မွေးထုတ် လိုက်သည့် ဆရာဝန်နှင့် ကျွမ်းကျင် ပညာရှင် များအား နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍ အသီးသီးတွင် အံဝင်ခွင်ကျ အသုံးချ နိုင်ရန် လိုအပ်သည့် စီမံချက်များ ရေးဆွဲ လုပ်ဆောင်သွားရန် ဆွေးနွေးမှုများ လုပ်ဆောင် နေကြောင်း သိရသည်။

စိုးမိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger