www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 8, 2015

နာဆာပိုင် Dawn ဂြိုဟ်တု Ceres ဂြိုဟ်သိမ်ပတ်လမ်း ထဲသို့ လပိုင်းအတွင်း ရောက်ရှိမည်


Artist's concept of NASA's Dawn spacecraft approaching the dwarf planet Ceres ahead of an orbital arrival on March 6, 2015.

ဝါရှင်တန် ၊ ၈-၂-၂၀၁၅

အမေရိကန် အာကာသ အေဂျင်စီ နာဆာပိုင် Dawn ဂြိုဟ်တုသည် ဥက္ကာပျံ ခါးပတ်အတွင်း အကြီးဆုံး ဥက္ကာပျံ တစ်ဖြစ်လဲ Ceres ဂြိုဟ်သိမ် ကို ချဉ်းကပ်နေပြီး မတ်လ ၆ ရက်က အချင်း ၉၅ဝ ကီလိုမီတာ ရှိသော Ceres ကို စတင် လှည့်ပတ်ကာ စူးစမ်းလေ့လာ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ချဉ်းကပ်နေစဉ် Dawn သည် သည် Ceres ကို ဓာတ်ပုံ ရိုက်ကူး ပေးပို့လျက်ရှိရာ ဓာတ်ပုံများတွင် Ceres ၏ အရွယ်အစားမှာ တဖြည်းဖြည်း ပို၍ ကြီးလာနေပြီး ယခုအခါ Pixel တစ်ခုလျှင် ၁၄ ကီလိုမီတာ နှုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများ ရရှိ နေပြီဖြစ်ကာ လက်ရှိ အချိန်တွင် အဆိုပါ ဓာတ်ပုံများမှ Ceres ၏ အကောင်းဆုံး ဓာတ်ပုံများ ဖြစ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် တို့အကြားရှိ ဥက္ကာပျံ ခါးပတ်ထဲ၌ အကြီးဆုံး ထုထည်ဖြင့် တည်ရှိနေ သော Ceres ကို Dawn က အချိန် ၁၆ လ ယူကာ စူးစမ်းလေ့လာ သွားမည်ဖြစ်ပြီး ကမ္ဘာ့ မြောက်ဘက်ခြမ်း တွင် တောက်ပစွာ တည်ရှိ နေသော Ceres ကို Hubble အာကာသ တယ်လီစကုပ်ဖြင့် စူးစမ်းလေ့လာ နိုင်သော်လည်း တိကျသော သတင်း အချက်အလက် များကို ဆက်လက် ရယူလိုသောကြောင့် Dawn ကို စေလွှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

လူသားတို့၏ အာကာသ စူးစမ်း လေ့လာမှု သမိုင်းတွင် Ceres သည် ပထမဆုံး အနီးကပ် လေ့လာခံ ရသော ဂြိုဟ်သိမ် ဖြစ်လာပြီး ပလူတို ဂြိုဟ်သိမ် သည် ဒုတိယ ဖြစ်လာမည် ဖြစ်သည်။ Ceres ကို Dawn အာကာသယာဉ် က အနီးကပ် လေ့လာမည် ဖြစ်ပြီး Pluto ကို Horizon အာကာသယာဉ် က စူးစမ်းလေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင် များသည် စကြာဝဠာ ၏ အစ၊ နေ အဖွဲ့အစည်း ၏ အစ၊ သက်ရှိလောက ၏အစ တို့ကို အစဉ်သဖြင့် စူးစမ်းလေ့လာ နေရာ ဥက္ကာပျံ၊ ဥက္ကာခဲ များသည် စကြာဝဠာ စတင်ဖြစ်ပေါ် ခဲ့စဉ်ကပင် တည်ရှိခဲ့သော အပိုင်းအစ များဟု ယုံကြည်နေပြီး ယခုကဲ့သို့ အနီးကပ် လေ့လာမည့် အစီအစဉ်များ စတင်ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ကလည်း ကြယ်တံခွန် အမှတ် 67P ပေါ်သို့  ဖီလေး ဂြိုဟ်ဆင်းယာဉ် ဆင်းသက်ကာ စူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ သော်လည်း ဘက်ထရီ အားကုန် သွားသည့် အတွက် ဖီလေး ဂြိုဟ်ဆင်းယာဉ် နှင့် မြေပြင် ကွပ်ကဲရေး ဌာနတို့ အဆက်အသွယ် ပြတ်တောက် နေကြောင်း သိရသည်။

NASA Probe Snaps Stunning New Views of Dwarf Planet Ceres

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger