www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

လာမည့်ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေး သင်ကြားမှုအစီအစဉ်ကို မြို့နယ် ၆ မြို့နယ်၌ ထပ်မံတိုးချဲ့ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၃-၂-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားမှု အစီအစဉ်များကို မြို့နယ် ခြောက်မြို့နယ်၌ ထပ်မံတိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၈၉ ခု၌ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက်စခန်း များ ဖွင့်လှစ် သင်ကြားလျက် ရှိပြီး လာမည့် ပညာသင်နှစ် တွင် အဆိုပါ ၈၉ မြို့နယ် အပါအဝင် နောက်ထပ် မြို့နယ် ခြောက်မြို့နယ် ၌လည်း ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားမှု အစီအစဉ် များ တိုးချဲ့ ဆောင်ရွက်ရန် စီစဉ် ထားကြောင်း၊ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းများ တိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက်မည့် မြို့နယ်များမှာ ကယားပြည်နယ် နှင့် ချင်းပြည်နယ် ရှိ မြို့နယ်များ ဖြစ်ကြောင်း သိရသည်။

စားဝတ်နေရေး အခက်အခဲကြောင့် ကျောင်း မတက်နိုင်သော ကလေးငယ်များ၊ ကျောင်းတက် နေချိန်တွင် အလုပ်လုပ် နေရသဖြင့် ကျောင်းမတက် နိုင်သော ကလေး သူငယ်များ အတွက် ပညာရေး အထောက်အပံ့ ပေးနိုင်စေရန် နှင့် မူလတန်း သင်ကြားပြီး အခြေခံပညာ အလယ်တန်း နှင့် အထက်တန်း အဆင့် များသို့ ပညာဆက်လက် သင်ကြားနိုင် စေရန် ရည်ရွယ်ချက်ဖြင့် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို နိုင်ငံတစ်ဝန်း လုံး၌ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားမှု အစီအစဉ်များကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းေ ဒသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ မြို့နယ် ၈၉ ခု၌ ကျောင်းပြင်ပ  မူလတန်း ပညာရေး အခြေစိုက် စခန်းပေါင်း ၅၆ဝ ကျော်ဖွင့်လှစ်၍ ဆရာ၊ ဆရာမ ၁၁၃၃ ဦးတို့ဖြင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂ဝဝဝ နီးပါးကို ပညာသင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger