www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

ကိုယ်ပိုင်ကျောင်းအများစု ဥပဒေနှင့်အညီ ဖွင့်လှစ်နိုင်မှု အားနည်းနေ



ရန်ကုန် ၊ ၁၃-၂-၂၀၁၅

မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသော ကိုယ်ပိုင်ကျောင်း အများစုသည် ကိုယ်ပိုင်ကျောင်း ဥပဒေနှင့် ကိုက်ညီမှု အားနည်းချက်များ ရှိသော်လည်း ပညာရေး ဝန်ကြီးဌာနမှ ဖြေလျှော့ စဉ်းစားပေး နေခြင်းများ ကြောင့်သာ ဖွင့်လှစ်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုယ်ပိုင်ကျောင်း အများစုသည် ကိုယ်ပိုင်ကျောင်း ဥပဒေနှင့် ကိုက်ညီစွာ ဖွင့်လှစ်နိုင်မှု အားနည်း နေကြောင်း၊ ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့်လှစ်ခွင့် ပြုချိန်တွင် စံချိန်စံနှုန်း များကို ဖြေလျှော့ စဉ်းစားပေး ခဲ့ကာ ဖွင့်လှစ်ခွင့်ပြု ခဲ့ခြင်းကြောင့် အချိန် ကြာလာသည်နှင့် အမျှ ညွှန်ကြားချက် များကို ကျောင်းအချို့မှ ဖောက်ဖျက် လာကြကြောင်း၊ ကိုယ်ပိုင်ကျောင်း များ၏ အဓိက အားနည်း ချက်သည် အဆောက်အအုံများ အရည်အသွေး မမီခြင်း ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုယ်ပိုင်ကျောင်းများကို ၂ဝ၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၆၆ ကျောင်း ဖွင့်လှစ်ခွင့်ပြု ခဲ့ရာ ကိုယ်ပိုင်ကျောင်း အချို့၏ အဆောက်အအုံ သည် ကျောင်းအင်္ဂါနှင့် ကိုက်ညီမှု မရှိဘဲ အိမ်လောက်သာ ရှိသောကြောင့် ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် မှစတင်၍ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ကို သေချာ စိစစ်၍ ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် အထိ ပညာရေး ဝန်ကြီးဌာနမှ ကိုယ်ပိုင်ကျောင်း ပေါင်း ၂ဝဝ ခန့် ဖွင့်လှစ်ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger