www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 13, 2015

တပ်မတော်နယ်လှည့် အထူးဆေးကုအဖွဲ့ တောင်သာမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ



နေပြည်တော် ၊ ၁၃-၂-၂၀၁၅

တပ်မတော် နယ်လှည့် အထူးကုဆေး အဖွဲ့သည် မန္တလေးတိုင်းေ ဒသကြီး၊ တောင်သာမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန် ယမန်နေ့ နံနက် ၆ နာရီတွင် နေပြည်တော်ရှိ တပ်မတော် ဆေးရုံမှ မော်တော်ယာဉ် များဖြင့် ထွက်ခွာ သွားသည်။

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ဒုတိယ ဗိုလ်မှူးကြီး ကျော်စိန်ထွန်း ဦးဆောင်သည့် ခွဲစိတ် ပါရဂူများ၊ မျက်စိ ပါရဂူများ၊ ကလေး ပါရဂူများ၊ အရိုး ပါရဂူများ၊ သားဖွားမီးယပ် ပါရဂူများ၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူများ၊ ရောဂါဗေဒ ပါရဂူများ၊ ဓာတ်မှန် ပါရဂူများ၊ သွားဆေးမှူးများ၊ သူနာပြု အရာရှိများ၊ အထက်တန်း သူနာပြုများ နှင့် သူနာပြု စစ်သည်များ လိုက်ပါ သွားကြပြီး ရွှေ့ပြောင်း ခွဲစိတ်ကုသ ရေးယာဉ်၊ ရွှေ့ပြောင်း ဓာတ်မှန်ရိုက် ကူးရေးယာဉ်၊ အောက်ဆီဂျင် ထုတ်သည့် စက်များ၊ ဆေးဝါးမျိုးစုံနှင့် အထောက်အကူပြု ယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger