www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 21, 2015

၂၀၁၅ ခုနှစ် ၊ နှစ် (၇၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် တပ်မတော်(ကြည်း ၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ


တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က (က)အဆင့်ပြိုင်ပွဲတွင် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အသင်းအား ဆုချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၁-၂-၂၀၁၅

၂ဝ၁၅ ခုနှစ်၊ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်၊ တည်းခိုရေး စခန်းရှိ စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နှစ်(၇ဝ) ပြည့် တပ်မတော်နေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်၍ ဆုများကို ချီးမြှင့်ပေးသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် နေလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းများ၊ ဖိတ်ကြား ထားသူများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက် အားပေးကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အသင်းများက အခမ်းအနား ကျင်းပရာ စစ်ရေးပြကွင်း အတွင်းသို့ ချီတက် နေရာယူကြပြီး နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အား အလေးပြု ကြပြီး စစ်ရေးပြ အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က ၂ဝ၁၅ ခုနှစ်၊ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ  (ဂ)အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှုတွင် တတိယ ရရှိသော အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၁)၊ ဒုတိယ ရရှိသော ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း နှင့် ပထမ ရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၁) ခေါင်းဆောင် တို့အား လည်းကောင်း၊ (ခ)အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှု တွင် တတိယ ရရှိသော တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း၊ ဒုတိယ ရရှိသော နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း နှင့် ပထမ ရရှိသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း ခေါင်းဆောင် တို့အား လည်းကောင်း၊ (က) အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှု တွင် အထူးဆု (၂) ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်တီးဝိုင်း၊ အထူးဆု (၁) ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်းနှင့် အကောင်းဆုံးဆု ရရှိသော စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်း ခေါင်းဆောင် တို့အား လည်းကောင်း ဆုများ အသီးသီး ပေးအပ်သည်။

ဆက်လက်၍ အသင်းလိုက် ဆုများကို ချီးမြှင့် ပေးအပ်ရာ (ဂ)အဆင့်တွင် အသင်းလိုက် အထူးဆု (၂) ရရှိသော တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၂)၊ အထူးဆု(၁) ရရှိသော အမှတ်(၇၇) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း၊ တတိယ ရရှိသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တပ်ခွဲ(၁)၊ ဒုတိယ ရရှိသော အမှတ်(၂၂) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းနှင့် ပထမ ရရှိသော ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တို့အား လည်းကောင်း၊ (ခ) အဆင့် အသင်းလိုက်တွင် အထူးဆု(၂) ရရှိသော နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း၊ အထူးဆု(၁) ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း၊ တတိယ ရရှိသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း၊ ဒုတိယ ရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းနှင့် ပထမ ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တို့အား လည်းကောင်း၊ (က)အဆင့် အသင်းလိုက် တွင် အထူးဆု(၂) ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်း၊ အထူးဆု(၁) ရရှိသော စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းနှင့် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်တီးဝိုင်းတို့အား ဆုများ အသီးသီး ပေးအပ်သည်။

ယင်းနောက် ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်း များသည် စစ်ရေးပြကွင်း အတွင်းမှ ပြန်လည် ထွက်ခွာ သွားကြပြီး နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါ တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ၂ဝ၁၅ ခုနှစ်၊ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၇ ရက်မှစ တင်၍ ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၇ ဖွဲ့ဖြင့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger