www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 4, 2015

လိုက်ဘေးရီးယားတွင် ပထမဆုံး အီဘိုလာ ကာကွယ်ဆေး စမ်းသပ်မှုကြီး စတင်


First major vaccine trials in Liberia


လိုက်ဘေးရီးယား ၊ ၄-၂-၂၀၁၅

လုံခြုံရေး တင်းကြပ်စွာဖြင့် သယ်ဆောင် လာသော စမ်းသပ် ဆေးဝါးများ အနောက် အာဖရိက နိုင်ငံငယ် လိုက်ဘေးရီးယား သို့ ရောက်ရှိလာပြီး ပထမဆုံး အကြိမ် စမ်းသပ် ကာကွယ်ဆေး နှစ်မျိုးကို ကျယ်ကျယ် ပြန့်ပြန့် စမ်းသပ်ထိုးနှံ ကြည့်နေပြီ ဖြစ်ကြောင်း သိရသည်။

ရှေ့တန်းရောက် ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် မိမိဆန္ဒ အလျောက် ဆေးစမ်းသပ်မှု ခံယူရန် အမည်စာရင်း ပေးထားသူ ဦးရေ ၃ဝဝဝဝ ခန့်ကို ရှေးဦးစွာ စမ်းသပ် သွားမည် ဖြစ်သည်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ဦးရေ ၂၂ဝဝဝ တွင် အနည်းဆုံး လူဦးရေ ၈၉၃၆ သေဆုံးခဲ့ပြီး ဂီနီ၊ လိုက်ဘေးရီးယား နှင့် ဆီရဲရား နိုင်ငံတို့ တွင် အဆိုးဆုံး ပျံ့နှံ့ခဲ့သည်။ လိုက်ဘေးရီးယား တစ်နိုင်ငံ တည်းတွင် လူဦးရေ ပေါင်း ၃၇၁၀ ကျော် သေဆုံးခဲ့သည်။

ထို့နောက် လိုက်ဘေးရီးယား တွင် အီဘိုလာ ဖြစ်ပွားမှုနှုန်း ကျဆင်းလာပြီး ဇန်နဝါရီ ၂၅ ရက်မှ အစပြုကာ ရက်သတ္တ တစ်ပတ်လျှင် လူနာ လေးဦးသာရှိတော့ကြောင်း၊ အီဘိုလာ ကပ်ရောဂါဆိုး ကြီးသည် ဒုတိယ အဆင့်သို့ ပြန်ကျလာပြီ ဖြစ် ကြောင်း၊ မကြာမီ အီဘိုလာ ဗိုင်းရပ်စ် အဆုံးသတ် သွားနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောထားသည်။

ဖေဖော်ဝါရီ ၂ ရက်က ကာကွယ်ဆေး ထိုးရာတွင် အီဘိုလာ ဗိုင်းရပ်စ် အနည်းငယ်ကို စေတနာ့ ဝန်ထမ်း ၁၂ ဦးထံ ထိုးသွင်း ပေးခဲ့ပြီး ခန္ဓာကိုယ်က ၄င်းဗိုင်းရပ်စ်ပိုး ကို ခုခံနိုင်မည့် စနစ် တည်ဆောက် စေခြင်း ဖြစ်သည်။ 

ကာကွယ်ဆေးကို ဆက်တိုက် ထိုးပေးနေသည့် အတွက် မကြာမီ ကျန်းမာရေး လုပ်သားများ အနေဖြင့် ပြန်ကောင်း လာလိမ့်မည်ဟု ပညာရှင်များ က ယုံကြည် နေကြသည်။

သို့သော် ဖေဖော်ဝါရီ ၂ ရက်က စမ်းသပ် နေသော အီဘိုလာ ကာကွယ်ဆေး များသည် လက်တွေ့တွင် အလုပ်ဖြစ်မည်၊ မဖြစ်မည်ကို မည်သူမျှ မပြောနိုင် သေးပေ။ ကာကွယ်ဆေး ဟူသည် ကျန်းမာနေသော လူ၏ ခန္ဓာကိုယ်ထဲသို့ အသက်ရှိ နေသေး သော်လည်း အန္တရာယ် မပေးနိုင် လောက်အောင် အားပျော့ နေသော အီဘိုလာ ဗိုင်းရပ်စ်ကို ထိုးသွင်းခြင်း ဖြစ်ကြောင်း သိရသည်။

''အခု ကာကွယ်ဆေး ဟာအန္တရာယ် မရှိပါဘူး။ ဒီ ကာကွယ်ဆေး ထဲမှာ Zaire အမျိုးအစားကို ထည့်ထား ပါတယ်။ Zaire ဟာ အားပျော့လွန်း နေပြီဖြစ်တဲ့ အတွက် အီဘိုလာ ကူးစက်မှုခံ ရတာတွေ ရှိတော့မှာ မဟုတ်ပါဘူး '' ဟု သုတေသီ တစ်ဦးက ပြောသည်။

ထို့ပြင် ကာကွယ်ဆေး အထိုးခံ ထားသူများ မည်သို့ ပြောင်းလဲသည်ကို ဆက်လက် စောင့်ကြည့် သွားကြဦးမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger