www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 4, 2015

UK ဆက်သွယ်ရေး ဂြိဟ်တုကုမ္ပဏီ Inmarsat က ဒုတိယဂြိဟ်တုကို လွှတ်တင်





ကာဇတ်ကစ္စတန် ၊ ၄-၂-၂၀၁၅

UK ဆက်သွယ်ရေး ဂြိုဟ်တု ကုမ္ပဏီ Inmarsat သည် ၄င်း၏ ဒုတိယမြောက် Inmarsat - 5 ဆီးရီးဂြိုဟ်တုကို လွှတ်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အရှည် ၇ မီတာ၊ အလေးချိန် ၆ ဒသမ ၁ တန်ရှိသော Inmarsat 5 ဆီးရီးဂြိုဟ်တု ကို ရုရှား ပရိုတွန်အမ် ရော့ကက်ဖြင့် ကာဇတ်ကစ္စတန် နိုင်ငံ၊ ဘိုကိုနူ ဒုံးလွှတ်စင်မှ လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး Inmarsat ၏ မျိုးဆက်သစ် ဂြိုဟ်တု အစုအဝေး Global Xpress ကို အောင်မြင်စွာ တည်ဆောက် နိုင်ရန် ဂြိုဟ်တုလေးလုံး အထိ လွှတ်တင်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန်အကျခံ ထားရာ Inmarsat သည် ဗြိတိန်နိုင်ငံ၏ အကြီးဆုံး ဦးပိုင် အာကာသ ပရောဂျက် ပိုင်ရှင် ဖြစ်လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက်က ဂရင်းနစ် စံတော်ချိန် ၄ နာရီ ၂ မိနစ်က လွှတ်တင်ခဲ့သော Inmarsat 5- F 2 ကို ပရိုတွန်ရော့ကက် က ၁၅ နာရီ ၃ဝ မိနစ်ကြာ သယ်ဆောင် သွားမည်ဖြစ်ပြီး ကမ္ဘာကို အမြင့် ၆၅ဝဝဝဝ ကီလိုမီတာ မှ လှည့်ပတ် နေမည် ဖြစ်ကြောင်း၊ နောက်ရက် အနည်းငယ် ကြာလျှင် Inmarsat 5- F 2 က မိမိကိုယ်ပိုင် တွန်းကန်အားကို အသုံးပြုကာ အီကွေတာမှ ၃၆ဝဝဝ ကီလိုမီတာ အထိ မိမိကိုယ်ကို ပို့ဆောင်ပြီး ကမ္ဘာကို လှည့်ပတ် နေမည် ဖြစ်ကြောင်း သိရသည်။

ဤအမြင့်သို့ ရောက်လျှင် အင်ဂျင်နီယာ များက Inmarsat 5- F 2 ကိုအနောက် ၅၅ ဒီဂရီသို့ ပို့ဆောင်ကာ အမေရိကား နှင့် အတ္တလန္တိတ် ဒေသတို့တွင် ဖုန်းနှင့် အခြား ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ပေးအပ်သွား မည် ဖြစ်ကြောင်း၊ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပြီး ဂြိုဟ်တုပါ စနစ်များ အားလုံးကို စစ်ဆေးကြည့်ရှု ခဲ့ပြီးနောက် ယခုအခါ လမ်းကြောင်း ပြောင်းခြင်း ကိစ္စကို ဆောင်ရွက်ရန် စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

''ဂြိုဟ်တုမှာပါတဲ့ ဆိုလာအချပ် ၇ ချပ်ထဲက ပထမဆုံး တစ်ခုကို ဗုဒ္ဓဟူးနေ့မှာ စတင် အသုံးပြုသွားပြီး တဖြည်းဖြည်း လိုအပ်လာတဲ့ အတိုင်းကျန်တဲ့ အချပ်တွေကိုလဲ ဖွင့်သွားမှာ ဖြစ်ပါတယ်'' ဟု အင်မာဆက် အကြီးအကဲ က ပြောပြသည်။

Inmarsat သည် မိုဘိုင်းလ် ဂြိုဟ်တု ဝန်ဆောင်မှု ဈေးကွက်တွင် သြဇာ ကြီးမားသည်။ ၄င်း၏ ဆက်သွယ်ရေး ဝန်ဆောင်မှုကို အဓိက ဝယ်ယူအသုံးပြု သူများမှာ သင်္ဘော သယ်ယူပို့ဆောင်ရေး အပိုင်း ဖြစ်သော်လည်း ဖုန်းလိုင်း လိုအပ်သူ မည်သူ့ကို မဆို ဝန်ဆောင်မှု ပေးလေ့ရှိရာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ ပံ့ပိုး ကူညီရေး အေဂျင်စီများ၊ NGO အဖွဲ့အစည်းများ၊ ရုပ်သံနှင့် သတင်းသမား များက အထူးနှစ်သက်စွာ ဝယ်ယူ သုံးစွဲလေ့ ရှိကြောင်း သိရသည်။

Inmarsat သည် မလေးရှား လေကြောင်း MH 370 ပျောက်ဆုံး ခဲ့စဉ်ကလည်း ၄င်းဂြိုဟ်တုဖြင့် ရှာဖွေရေး သမားများကို အထောက်အကူ ပြုခဲ့သေးကြောင် သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger