www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

ပြည်တွင်း လေဆိပ်ပေါင်း ၆၉ ခုအတွက် အထွေထွေ အသုံးစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျလျက်ရှိ




ရန်ကုန် ၊ ၆-၂-၂ဝ၁၅

ပြည်တွင်းရှိ လေဆိပ်ပေါင်း ၆၉ ခုအတွက် အထွေထွေ အသုံးစရိတ် အနေဖြင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမှု ရှိနေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လေဆိပ်များ အနက် လေဆိပ်ပေါင်း ၃ဝ ကျော်အား အဆင့် မြှင့်တင်ရန် ပြီးခဲ့သည့်နှစ် အတွင်းက တင်ဒါ ခေါ်ယူခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း လုပ်ကိုင်လိုသော လေဆိပ်မှာ အနည်းငယ်သာ ရှိနေသည့် အတွက် ယင်း လေဆိပ်များ အဆင့် မြှင့်တင်ရန်  လုပ်ငန်းစဉ် များကို ပြန်လည် စဉ်းစားလျက် ရှိကြောင်း သိရသည်။ အဓိကအားဖြင့် အဆင့် မြှင့်တင်ရေး အတွက် ဘတ်ဂျက် ရရှိမှုနှင့် လေဆိပ်များအား ခရီးသည်များ အသုံးပြုမှု အခြေအနေကို ပြန်လည် စဉ်းစားနေခြင်း ဖြစ်ကြောင်း သိရသည်။ အချို့သော ပြည်တွင်း လေဆိပ်များမှာ ခရီးသည် အသုံးပြုမှု နည်းပါးပြီး အဆင့်မြှင့် တင်ခြင်းများ ပြုလုပ်ရန် များစွာ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမြန်ဆုံး အဆင့် မြှင့်တင်ရန် ရည်ရွယ်ထားသည့် ဦးစားပေး လေဆိပ်ငါးခုမှာ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲ၊ စစ်တွေ နှင့် ထားဝယ်တို့ ဖြစ်ပြီး ယင်း လေဆိပ်များမှာ ခရီးသွားများ အများဆုံး အသုံးပြုလျက် ရှိသော လေဆိပ်များ ဖြစ်သည်။ ပြည်တွင်း လေဆိပ်ငါးခု အဆင့် မြှင့်တင်ခြင်းနှင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ် များကိုလည်း ပုဂ္ဂလိက သို့ လွှဲပြောင်း ပေးနိုင်ရေး အတွက် စီစဉ်လျက် ရှိကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်း အတွင်းက ရန်ကုန် လေဆိပ်အား အဆင့် မြှင့်တင်ခြင်းများ လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ပြည်တွင်း ဆိုက်ရောက်၊ ထွက်ခွာ terminal တိုးချဲ့မှုမှာ ကိုယ်ထည်ပိုင်းများ ပြီးစီးနေပြီ ဖြစ်သည်။ ထို့အပြင် ပြည်တွင်း လေဆိပ်များ အဆင့် မြှင့်တင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းမှု တွင် လုပ်ငန်းရှင်များ စိတ်ဝင်စားမှု နည်းပါးပြီး မန္တလေး လေဆိပ်အား ဂျပန် လုပ်ငန်းစုသို့ လွှဲပြောင်း ပေးခြင်းကို ယခုနှစ် မတ်လအတွင်း လုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger