www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

မြန်မာနိုင်ငံ၌ မိကျောင်းမျိုးစိတ် လေးမျိုးရှိသည့်အနက် ရေချိုရေငန်စပ် မိကျောင်းမျိုးစိတ် တစ်ခုသာ ကျန်ရှိ



ရန်ကုန် ၊ ၆-၂-၂၀၁၅

မြန်မာနိုင်ငံ အတွင်း နေထိုင် ကျက်စားသည့် မိကျောင်းမျိုးစိတ် လေးမျိုး ရှိသည့်အနက် သုံးမျိုးသည် မျိုးသုဉ်း ပျောက်ကွယ် နေပြီး ကျန်ရှိနေသည့် ရေချိုရေငန်စပ် မိကျောင်းမျိုးစိတ် ကို ထိန်းသိမ်း ကာကွယ်လျက် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

ပြည်တွင်း၌ နေထိုင် ကျက်စားခဲ့သည့် မိကျောင်းမျိုးစိတ် များသည် သံသုမာ ခေါ် ရေချိုရေငန်စပ် မိကျောင်း၊ ကုမ္ဘိလ ခေါ် ဂင်္ဂါမိကျောင်း၊ နက္ကမိကျောင်း နှင့် ယိုးဒယား မိကျောင်း တို့ဖြစ်ပြီး ကျန်ရှိနေသည့် မိကျောင်း
မျိုးစိတ်သည် ရေချိုရေငန်စပ် မိကျောင်း ဖြစ်ကြောင်း သိရသည်။

ရေချိုရေငန်စပ် မိကျောင်းများသည် ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဒီရေတော ပေါက်ရောက်ရာ ဒေသများ၌ အများဆုံး နေထိုင်ပြီး ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော အတွင်း အများဆုံး နေထိုင်လျက် ရှိကြောင်း သိရသည်။

မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အတွင်း သားပေါက်၊ အကောင်ငယ်၊ အရွယ်လတ်၊ သက်ကြီးကောင် ဟူ၍ အပိုင်း လေးပိုင်းခွဲကာ မိကျောင်း စာရင်းများ ကောက်ယူလျက် ရှိကြောင်း သိရသည်။ မိန်းမလကျွန်း တောရိုင်း တိရစ္ဆန် ဘေးမဲ့တော အတွင်းရှိ ဒီရေတော ပေါက်ရောက်ရာ ဒေသများတွင် သဘာဝ အလျောက် နေထိုင် ကျက်စားလျက် ရှိသော ရေချိုရေငန်စပ် မိကျောင်းများ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး၊ ကျက်စားရာ ဒေသအတွင်းရှိ အကောင်ရေ တိုးပွားမှုနှင့် ပျံ့နှံ့ ကျက်စားမှုကို သိရှိနိုင်ရေး၊ ဒီရေတော ဂေဟစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး နှင့် ဒီရေတော ဒေသရှိ သားစား သတ္တဝါများ၏ အစာကွင်းဆက် ညီညွတ်မျှတ စေရေးတို့ကို သိရှိနိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ နှစ်စဉ် မိကျောင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger