www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 14, 2017

ရွှေကံကူမိသားစုက ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ရှေးဟောင်းစေတီတော် နှစ်ဆူအား ပြုပြင်မွမ်းမံ



တောင်ကြီး ၁၄-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့ ရန်အောင်မြင်ရပ်ကွက်နေ ရွှေကံကူသာသနာ ပြုမိသားစုက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့ ထမ်းဂူကျေးရွာ အုပ်စုထမ်းဘုရားကျေးရွာ ရွာဦးကျောင်းအနီး ရှေးဟောင်းသဘာဝ လိုဏ်ဂူအဝင် ပေါက်တွင်ရှိသော ရှေးဟောင်းစေတီတော် နှစ်ဆူအား ပြုပြင်မွမ်းမံပြီးစီးသဖြင့် ထီးတော်တင်လှူပွဲကို ဒီဇင်ဘာ ၁၁ရက်နံနက် ၉နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် ရှေးဟောင်းစေတီတော် အဆူနှစ်ဆယ်ခန့်ရှိပြီး ယခုထီးတင်ပွဲတွင် ဒေသခံများက ပြုပြင်သော ဘုရားသုံးဆူနှင့် ရွှေကံကူမိသားစုက ပြုပြင်သော ဘုရားနှစ်ဆူ စုစုပေါင်းဘုရားငါးဆူအား တစ်ချိန်တည်း ထီးတော်တင်လှူ ပူဇော်ခြင်းဖြစ်ပြီး မပြုပြင်ရသေးသော စေတီတော်သုံးဆူ ကျန်ရှိနေသေးကြောင်း သိရသည်။

ထီးတော်များအားလုံးကို ထမ်းဘုရားဘုန်းတော်ကြီး ကျောင်းဓမ္မာရုံကြီးထဲတွင် ပူဇော်ထားရှိပြီးနံနက် ၉ နာရီတွင် သံဃာတော် ၁၁ ပါးတို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်များက ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ကြပြီး ဘုရားငါးဆူ၏ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ ခေါင်းလောင်းတော်တို့ကို အလှူရှင် မိသားစုများက ဦးဆောင်၍ ရွာသူ၊ ရွာသား၊ နယ်သူနယ်သားများက ဝိုင်းဝန်းပင့်ဆောင် ကြသည်။

ထီးတော်တင်လှူမည့် စေတီတော်များကို လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော် ပြီးနောက် ဆရာတော်များ၏ ကြီးကြပ်စီမံမှုဖြင့် ထီးတော်များ တင်လှူကြသည်။ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် ထီးတော်များအားလုံး တင်လှူပြီး စီးသဖြင့် စေတီတော်များအား ဘုရားအနေကဇာတင် ပူဇော်ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger