www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 9, 2015

ကုမရနိုင်သော ရောဂါသည်များကို ကနေဒါတွင် အဆုံးစီရင်ခွင့် ပေးမည်


Canada top court lifts ban on doctor-assisted suicide

" Court reverses 1993 verdict letting terminally ill to end their lives and asks lawmakers to enact new rules within year. "

အော့တ၀ါ ၊ ၉-၂-၂၀၁၅

ကနေဒါနိုင်ငံတွင် ကုမရနိုင်သော ရောဂါသည် များအား အဆုံးစီရင်ခွင့် ကို ၁၉၉၃ ခုနှစ်တွင် ဥပဒေ ထုတ်ပြန်တားမြစ် ခဲ့သော်လည်း ယခုအခါ ပြန်လည်ခွင့်ပြု လိုက်ပြီး ကုမရနိုင်သော ရောဂါသည် များကို ဆရာဝန် အထောက်အကူဖြင့် အဆုံးစီရင်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဆရာဝန် အထောက်အကူဖြင့် အဆုံးစီရင်ခွင့် ကို ဥရောပနိုင်ငံ အများအပြား နှင့် အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်အချို့ တို့တွင် တရားဝင်ခွင့်ပြု ထားသော်လည်း ကနေဒါနိုင်ငံ တွင် အဆိုပါ ကိစ္စကို ဆွေးနွေးခြင်း၊ အကြံပေးခြင်း၊ အားပေးအားမြှောက် ပြုခြင်းတို့ကို ဥပဒေဖြင့် တားမြစ်ထားပြီး ဖောက်ဖျက်လျှင် ထောင်ဒဏ် ၁၄ နှစ် အထိရှိသည်။

ကနေဒါနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့က မျိုးရိုးဗီဇ ပျက်သုဉ်းသော ရောဂါဝေဒနာ ခံစား နေရသည့် အမျိုးသမီးနှစ်ဦး အတွက် ဆရာဝန် အထောက်အကူဖြင့် အဆုံးစီရင်ခွင့် ကို ၁၉၉၃ ခုနှစ်က တောင်းဆို ခဲ့ရာ ကနေဒါနိုင်ငံ က ဥပဒေ ထုတ်ပြန် တားမြစ်လိုက်ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသမီးနှစ်ဦး သေဆုံးပြီးသည့် နောက် ၄င်း လှုပ်ရှား တောင်းဆိုမှု ဆက်လက်ဖြစ်ပွား ခဲ့ရာမှ ယခုအခါ တရားဝင် ပြန်လည် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကနေဒါ လွှတ်တော်နှစ်ရပ် လုံးက ဆရာဝန် အထောက်အကူဖြင့် အဆုံး စီရင်ခွင့်ကို ကန့်ကွက်မဲ မရှိ ထောက်ခံ ခဲ့ခြင်းဖြစ်ပြီး ဗဟို တရားရုံးချုပ်၏ ဆုံးဖြတ်ချက်နှင့် အညီ အစိုးရက နည်းဥပဒေကို တစ်နှစ်အတွင်း ရေးဆွဲ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

မိမိကိုယ်ကို အဆုံးစီရင်ခွင့် နှင့် ပတ်သက်၍ နိုင်ငံတကာတွင် လိပ်ခဲတည်းလည်း အခြေအနေများ မကြာခဏ ပေါ်ပေါက်လာလေ့ ရှိရာ အမေရိကန် ပြည်ထောင်စု တွင်လည်း အော်ရီဂွန်၊ နယူးယောက် အစရှိသည့် ပြည်နယ်များတွင် မိမိကိုယ်ကို အဆုံးစီရင်ခွင့် ကို ၁၉၉၇ ခုနှစ်မှ စတင်ခွင့်ပြု ခဲ့ရာ အခြား ပြည်နယ်များမှ လူနာများ ၄င်းပြည်နယ်များသို့ ရွှေ့ပြောင်း ရောက်ရှိလာသည် များနှင့် ကြုံနေရပြီး ၄င်း လူနာများကို ဆရာဝန် အထောက် အကူဖြင့် မိမိကိုယ်ကို အဆုံးစီရင် ခွင့်ပြုရန် သင့်၊ မသင့် ဆုံးဖြတ်ရသည် မှာလည်း လွယ်ကူသော ကိစ္စမဟုတ် ကြောင်း၊ ဆွစ်ဇာလန် နိုင်ငံတွင် နိုင်ငံတစ်ဝန်း ဆရာဝန် အထောက် အကူဖြင့် မိမိကိုယ်ကို အဆုံးစီရင် နိုင်သည့်အပြင် ပြန်ကုမရသော ရောဂါပင် ဖြစ်ရန် မလိုအပ် သောကြောင့် ဥရောပ တစ်ခွင်မှ မိမိကိုယ်ကို သေကြောင်း ကြံစည် လိုသူများ ဆွစ်ဇာလန်နိုင်ငံ သို့တဖွဲဖွဲ ဝင်ရောက် လာခြင်းမှာလည်း ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger