www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 25, 2015

လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများ နှင့် ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ၊ လက်နက်ခဲယမ်း နှင့် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၅-၂-၂၀၁၅

ကုန်းကြမ်း- လောက်ကိုင် ကားလမ်း တစ်လျောက်တွင် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကားလမ်း မိုင်တိုင်အမှတ် (၂၃)အနီး၌ ကိုးကန့်သောင်းကျန်းသူ အင်အားစုအချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စစ်သည် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရ စစ်သည်များအား ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံ များသို့ ဆက်လက် ပို့ဆောင်လျက်ရှိသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းတွင် လောက်ကိုင်မြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့် အကွာတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူ များထံမှ တရုတ်စက်လက် တစ်လက်၊ ကျည်မျိုးစုံ ၃၈တောင့်၊ TNT ယမ်းချောင်းနှင့် တိုက်မိုင်းများအား သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ လောက်ကိုင်မြို့ နှင့် ပါစင်ကျော် ကျေးရွာကြား တပ်မတော် စစ်ကြောင်းက လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် မာလီရှူးဝါး ကျေးရွာအနီး၌ မသင်္ကာဖွယ် တွေ့ရှိသူ တစ်ဦးအား စစ်ဆေးခဲ့ရာ ကိုးကန့် သောင်းကျန်းသူ အဖွဲ့၏ အမာခံဖြစ်သူဟု ယူဆရသူ ရှောက်လော်ဟန်၊ ၂၉ နှစ်အား ဖမ်းဆီးရမိပြီး ၄င်းထံမှ တရုတ် - မြန်မာ နယ်နိမိတ်မှတ်တိုင် အမှတ် (၁၄၄)အနီး ကိုးကန့် သောင်းကျန်းသူများ ယာယီ အခြေပြုလျက် ရှိသော ဟုန်ဇူထန် ကျေးရွာသို့ သွားရောက် ပို့ဆောင်မည့် စိတ်ကြွရူးသွပ် ဆေးပြား ၈ဝဝဝ ပြားအား သိမ်းဆည်း ရမိခဲ့သည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြား ကားလမ်း တစ်လျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့် သောင်းကျန်းသူ အင်အားစုများ လုံထန်ရွာ အနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူများ နောက်သို့ လိုက်လံ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger