www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 25, 2015

နယ်စပ်ဒေသနှင့် ကျေးလက်ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးသည့် ကျောင်းများဖြစ်၍ ပညာရေးမြှင့်တင်မှု ၊ ဒေသဖွံ့ဖြိုး တိုးတက်မှုတို့အား ယခုထက်ပို၍ မြှင့်တင်နိုင်ရန်လို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် သို့ ကွန်ပျူတာ၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား တွင် အမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၅-၂-၂၀၁၅

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ကွန်ပျူတာ ထောက်ပံ့ငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း၌ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရှိ ဖွံ့ဖြိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် လှူဒါန်းခဲ့သည်။

သင်ယူလေ့လာခဲ့သည့် ဖွံ့ဖြိုးရေး အသိအမြင်ပညာ များကို မှန်ကန်စွာ အသုံးချခြင်းဖြင့် မိမိအတွက်၊ ဒေသအတွက်၊ တိုင်းပြည်အတွက် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ အတွက်လည်း လေ့ကျင့်မွေးထုတ်ရ ကျိုးနပ်စေမှာ ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက်ပိုင်း၌ ဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြု လုပ်သည့် ကွန်ပျူတာ၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ကွန်ပျူတာများ ပေးအပ်ရာ ပါမောက္ခချုပ် က လက်ခံရယူစဉ်

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် သို့ ကွန်ပျူတာ ထောက်ပံ့ငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း၌ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့် တပ်မတော် အရာရှိကြီး များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်တို့မှ ပါမောက္ခချုပ် နှင့် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားလူငယ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှေ့ တွင် အမှတ်တရ အထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးပေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဇနီး ဒေါ်ကြူကြူလှ ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှေ့ တွင် အမှတ်တရ အထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးပေးစဉ်


ရှေးဦးစွာ ပါမောက္ခချုပ် ဦးစိုးတင့်နှင့် ကျောင်းအုပ်ကြီး ဦးညွန့်ဆောင်တို့က တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော် (ကြည်း၊လေ၊ရေ) မိသားစုများနှင့် အလှူရှင်များ ပေးအပ်လှူဒါန်း သည့် ကွန်ပျူတာ (၇၀)လုံးစီအား လည်းကောင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ လှူဒါန်းသည့် အလှူငွေသိန်း ၁၀၀ စီအား လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်ရာ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က အသီးသီး လက်ခံရယူ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။

ထို့နောက် စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက် တို့မှ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ စီအား စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး တို့က လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို သက်စွန့်ကြိုပမ်းရာ မှကျဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိခဲ့သည် အရာရှိ၊ စစ်သည်များအတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ် မိသားစုများ၏ လှူဒါန်းငွေ(၁၅) သိန်းစီအား ပါမောက္ခ ချုပ်နှင့် ကျောင်းအုပ်ကြီး တို့မှ လှူဒါန်းရာ စစ်ရေးချုပ် က လက်ခံရယူသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားရာ တွင် မိမိနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃၀ ကျော် စုစည်း နေထိုင်ကြပြီး ၁၉၄၈ ခုနှစ်မှ ယနေ့တိုင် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် နှစ်ပေါင်း ၆၀ ကျော်ကြိုးပမ်း တည်ဆောက်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရနိုင်သလောက် မရခဲ့ကြောင်း ကိုလိုနီဘ၀ေ သွးခွဲအုပ်ချုပ် မှုကြောင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး၊ အယူဝါဒရေး ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ ဈေးကွက်စီးပွားစနစ် နှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ဥပဒေနှင့် အညီ လျောက်လှမ်းနေချိန် ဖြစ်၍ တိုင်းရင်းသားအားလုံး တူညီသော ဆန္ဒဖြင့် ယင်းလမ်းကြောင်းပေါ် လျှောက်လှမ်းကြရန် လိုကြောင်း၊ ပြည်နယ် တိုင်းဒေသကြီးအားလုံး၊ တိုင်းရင်း သားများ အားလုံးအား ဥပဒေနှင့်အညီ တူညီသော အခွင့်အရေးများပေး ထားကြောင်း၊ တပ်မတော်အနေ ဖြင့် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်နေပါကြောင်း၊ တည်ငြိမ် အေးချမ်းရေးအား ရှေးအစဉ်အဆက်က လုပ်ဆောင်ခဲ့ သော်လည်း တည်ငြိမ် အေးချမ်းမှု အပေါ်မူတည်၍ ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟသွားခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ကျေးလက်ဒေသ များ၌ လူနေမှုစနစ် ကျန်းမာရေးနှင့် ပညာရေးတို့တွင် မြို့ပြနှင့် ကွာဟမှုများ ရှိကြောင်း၊ အထူးသဖြင့် ပညာရေး ကွာဟချက်များပြီး ကျေးလက်နေ ကလေးများ ပညာရေး တိုးတက်မှု နှေးကွေးပါကြောင်း၊ တိုင်းရင်းသား များအကြား မြန်မာနိုင်ငံ၏ ပင်မစကားဖြစ်သည့် မြန်မာစကားပြောမှု အားနည်းသဖြင့် ပညာ သင်ကြားရေးတွင် အခက်အခဲများ ရှိကြောင်း၊ လေ့လာဆန်းစစ်ချက် အရ ကျောင်းနေသင့်သည့် အရွယ်တွင် ၉၅ ရာခိုင်နှုန်းခန့်မှာ ကျောင်းနေကြ ပါကြောင်း၊ ယင်းမှတစ်ဆင့် သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း စသည့်ဖြင့် မူလတန်းအဆင့် တန်းစဉ်ကူးပြောင်း သင်ကြားမှု ရာခိုင်နှုန်း ဒေသအချို့တွင် တော်တော်နည်းပါး သွားပါကြောင်း၊ ပညာသင်ကြားမှု သက်တမ်း ၁၀ နှစ်အကြာ ၁၀ တန်းရောက်သူ၊ တက္ကသိုလ်ရောက်သူ ရာခိုင်နှုန်းမှာ အလွန် နည်းနေသည်ကို တွေ့ရပါကြောင်း၊ ပညာရေး အားနည်းခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို နောက်ကျကျန် စေပါကြောင်း၊ နယ်စပ်ဒေသ၊ ကျေးလက်ဒေသ၏ အဓိက လိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်ကို မွေးထုတ်ပေးသည့် ကျောင်းများ ဖြစ်၍ ပညာရေးမြှင့်တင်မှု၊ ဒေသဖွံ့ဖြိုး တိုးတက်မှုတို့အား ယခုထက်ပို၍ မြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ ပညာရေးမြှင့်တင်မှု အထောက်အကူပြုရန် ယခုလှူဒါန်းသည့် သင်ထောက်ကူ ပစ္စည်းဖြစ်သော ကွန်ပျူတာ များအား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၊ ကုမ္ပဏီများမှ ပူးပေါင်းပါဝင် လှူဒါန်းခြင်းဖြစ်၍ စေတနာရှင် အလှူရှင်များအားလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ ယခုထက်ပို၍ ပံ့ပိုးကူညီ ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ကျောင်းပြီး၍ တာဝန်ကျရာ ဒေသအသီးသီးသို့ ရောက်ရှိပါကလည်း အုပ်ချုပ်မှု အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ပြည်သူ့ ကိုယ်စားလှယ် များနှင့် ပူးပေါင်း၍ မိမိနယ်မြေဒေသ တိုးတက်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် ရာ၌ ဘာပဲလုပ်လုပ် စည်းမျဉ်း စည်းကမ်း ဥပဒေနှင့်အညီသာ လိုက်နာ လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ကျောင်းစည်းကမ်း၊ လူမှုစည်းကမ်း၊ ကောင်းမွန်မှု များကိုလည်း အခြေခံ ခိုင်မာအောင် လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း၊ ယနေ့အထိ ဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းဆင်း ၁၂၄၉၃ ဦး၊ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ဆင်း ၁၁၄၂ ဦး၊ မွေးထုတ်ပေးခဲ့ပြီး နိုင်ငံ အနှံ့အပြားရှိ ဒေသအသီးသီး တို့တွင် ဖွံ့ဖြိုးရေး လုပ်ငန်းတာဝန်များ ထမ်းဆောင် နေကြပါကြောင်း၊ သင်တန်းနှင့် ပတ်သက်သည့် ကုန်ကျစရိတ် များအား ငွေကြေးဖြင့် တိုင်းတာ၍ ရသော်လည်း ရရှိသည့်အကျိုး ကျေးဇူးမှာ အသုံးချနိုင်မှု အပေါ်မူတည် သဖြင့် တိုင်းတာ၍ မရကြောင်း၊ ကျောင်းမှ သင်ကြားပေးလိုက်သည့် ဖွံ့ဖြိုးရေး အသိအမြင်များအား တာဝန်ကျရာ ဒေသများအထိ သယ်ဆောင်သွားပြီး ဒေသတွင် အကျိုးရှိအောင် ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်တို့မှ လောက်ကိုင်ဒေသရှိ တပ်မတော်သားများ အတွက် လှူဒါန်းမှုကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ လောက်ကိုင်ဖြစ်စဉ် တွင် ကိုးကန့်ဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် စတင် လုပ်ဆောင်သူမှာ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် သောင်းကျန်းသူ များ ပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်း တစ်ခုကို တိုက်ခိုက်ထိပါးမှု ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသ ကိုမှ ထိခိုက်မှု မခံနိုင်ကြောင်း၊ အလားတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အသက်အိုးအိမ် စည်းစိမ်ကိုလည်း လုံးဝ အထိခိုက် မခံနိုင်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေမှုမှန်သမျှ အမြစ်ပြတ်အောင် ချေမှုန်းလုပ်ဆောင် ကာကွယ် သွားမည်ဖြစ် ကြောင်းဖြင့် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းဆောင်အတွင်း လှည့်လှည် ကြည့်ရှုစဉ်

စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး ထံ ပါမောက္ခချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ပြတိုက်တွင် လှည့်လည် ကြည့်ရှု လေ့လာကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ယမန်နေ့ပြုလုပ်သည့် သင်ကြားမှု အထောက်အကူပြု ကွန်ပျူတာများ လှူဒါန်းသည့် အခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်အတူ ကမ္ဘောဇ ကုမ္ပဏီလီမိတက်၊ မက်စ်မိသားစု၊ ထူးဖောင်ဒေးရှင်း မိသားစု၊ ချမ်းဟိန်း ကုမ္ပဏီ လီမိတက်မိသားစု၊ အိုင်ဂျီအီး မိသားစု၊ Jewellery Lucky Production ကုမ္ပဏီ လီမိတက်မိသားစု၊ Gatewatys Group of Companies မိသားစု၊ Asia World ကုမ္ပဏီ လီမိတက် မိသားစု၊ ဧဒင်ကုမ္ပဏီ လီမိတက်မိသားစု၊ ကြယ်နီလာ ကုမ္ပဏီများ အုပ်စုမိသားစု၊ Sky One & Lucky Man လီမိတက် မိသားစု၊ အောင်မြင်သူများ ကုမ္ပဏီ အုပ်စုမိသားစု၊ Amazing ကုမ္ပဏီ လီမိတက်မိသားစု၊ နောင်တုံ ကုမ္ပဏီမိတက် မိသားစု၊ Authentic ကုမ္ပဏီ လီမိတက် မိသားစုတို့မှလည်း ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger