www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 17, 2015

ရန်ကုန်မြို့ နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အကြား မြို့ပြ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန် စီမံကိန်းချ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၇-၂-၂၀၁၅

ပဲခူးတိုင်း ဒေသကြီး အတွင်း တည်ဆောက်ရန် စီစဉ်ထားသော ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့ အကြားတွင် မြို့ပြဆိုင်ရာ အခြေခံ အဆောက်အအုံ များပိုမို ဖွံ့ဖြိုး တိုးတက်လာ စေရန် စီမံကိန်းချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ (JICA)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသစ် တည်ဆောက်မည့် ဟံသာဝတီ လေဆိပ်ကို အထောက်အပံ့ ဖြစ်စေရန်၊ ယင်းလေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံ သို့ ဝင်ရောက် လာမည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ အောက်ပိုင်းရှိ အခြားသော ဆက်စပ် ဒေသများသို့ ခရီးသွားလာ ရာတွင် လွယ်ကူ အဆင်ပြေမှု ရှိစေရန် ရည်ရွယ်ချက် များဖြင့် အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။ 

ရန်ကုန်မြို့နှင့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် အကြား လိုအပ်သော ရထားလမ်းပိုင်း၊ ကားလမ်းပိုင်းများ ဖောက်လုပ်ခြင်း၊ တံတားများ ဆောက်လုပ်ခြင်း နှင့် အခြားသော အခြေခံ အဆောက်အအုံ များ တည်ဆောက်ခြင်း တို့ကို လုပ်ဆောင် သွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရန် ပဲခူးတိုင်း ဒေသကြီး ကျောက်တိုင်ကန် ကျေးရွာ အနီးရှိ ဧက ၉၆ဝဝ ကျော် ကျယ်ဝန်းသည့် ဂျပန်ခေတ်မှ လေယာဉ်ကွင်း ဟောင်း နေရာကို ရွေးချယ် ခဲ့ပြီး အဆိုပါ လေဆိပ် တည်ဆောက်ရေး စီမံကိန်းကို စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Yongnam CAPE-JGC Consortium မှ တင်ဒါ အောင်မြင်ခဲ့ကာ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ တွင် အပြီးသတ် တည်ဆောက်ရန် စီစဉ် ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger