www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး အား စစ်အုပ်ချုပ်ရေးအာဏာလွှဲအပ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
စစ်အုပ်ချုပ်ရေးကြေညာချက်အမှတ်(၁)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄)ရက်
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂ဝ၈၃ဝ ဗိုလ်မှူးကြီးစောမြင့်ဦးအား စစ်အုပ်ချုပ်ရေးအာဏာလွှဲအပ်ခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ ၁၃၇၆ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁၄) ရက်၊ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်၊ အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၂/၂ဝ၁၅)၏ အပိုဒ်(၂) နှင့် (၃) တို့အရ ကျွန်ုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း၊ စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာ ထားသော ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျင့်သုံး ဆောင်ရွက်ရန် ဒေသ ကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂ဝ၈၃ဝ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) အား ၁၃၇၆ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁၄) ရက်၊ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်၊ အင်္ဂါနေ့မှ အစပြု၍ လွှဲအပ် လိုက်သည်။

(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger