www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

ကိုးကန့်သောင်းကျန်းသူ အဖွဲ့က အရပ်ဘက် ယာဉ်တစ်စီးအား ချုံခိုတိုက်ခိုက်




နေပြည်တော် ၊ ၁၈-၂-၂၀၁၅

လောက်ကိုင်တွင် ပိတ်မိနေသော ရွှေ့ပြောင်း လုပ်သားများကို ကြိုဆို ကယ်ဆယ် လာသော အဖွဲ့သည် လီဖန်း အပြာရောင် အရပ်ဘက်ယာဉ် ၈က/.... ဖြင့် လောက်ကိုင်မြို့ မှ ကြက်ခြေနီ အလံ လွှင့်တင်ပြီး ထွက်ခွာခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်၌ ပါစင်ကျော် နှင့် ချင်းရွှေဟော် အကြားသို့ ရောက်ရှိစဉ် အဆိုပါ ဖြတ်သန်း မောင်းနှင်လာသော ယာဉ်အား ကိုးကန့် တိမ်းရှောင် အဖွဲ့က ချုံခိုပစ်ခတ် တိုက်ခိုက် ခဲ့သည်။

ကိုးကန့်တိမ်းရှောင် အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါ ကြက်ခြေနီ တစ်ဦးမှာ မျက်စိထိမှန် (မစိုးရိမ်ရ) နှင့် ကွမ်းလုံမြို့နေ ဦးမိုးကျော်သန်းမှာ ဝဲဘက်ဝမ်းဗိုက်တွင် လက်နက်ငယ် ကျည်ထိမှန် (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ကွမ်းလုံမြို့ သို့ ရောက်ရှိကာ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။



#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger