www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 18, 2015

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၂/၂ဝ၁၅)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း

၁။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်(၁/၂ဝ၁၅) ဖြင့် အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလ အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် လိုက်သည်။

၂။ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်း လိုက်သည်။

၃။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယင်း လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက် စေခြင်း ပြုနိုင်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger