www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 11, 2015

ဖိုးကျားဆင်စခန်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ၇၀၀ ခန့်နှင့် ပြည်တွင်းဧည့်သည် ၂၀၀၀ နီးပါး လာရောက်လေ့လာ



ရန်ကုန် ၊ ၁၁-၂-၂၀၁၅

မြန်မာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ခရီးသွား လုပ်ငန်းတွင် တစ်ခု အပါအဝင် ဖြစ်သော ဖိုးကျားဆင်စခန်း ကို နှစ်စဉ် နိုင်ငံခြား ခရီးသွား ဧည့်သည် ၇ဝဝ ခန့်နှင့် ပြည်တွင်း ဧည့်သည် ၂ဝဝဝ နီးပါး လာရောက် လေ့လာကြကြောင်း မြန်မာ့ သစ်လုပ်ငန်း ဦးစီးဌာန သစ်ထုတ်လုပ်ရေး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးကျား ဆင်စခန်းတွင် သစ်ထုတ်လုပ်ရေး လုပ်ငန်း၌ အသုံးပြုရန် ဆင်ကောင်ရေ ၆ဝ ကျော်နှင့် လေ့ကျင့်သင်ကြား ထားသော ဆင်ခြောက်ကောင် ရှိပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလ အတွင်း ဧည့်သည် အများဆုံး လာရောက်ကြောင်း သိရသည်။

စခန်းဝင်ကြေး အနေဖြင့် ပြည်တွင်း ခရီးသွားများ အတွက် တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှင့် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅ဝ သတ်မှတ်ထားကာ ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း၊ ဆင်နှင့်တွဲ၍ ဓာတ်ပုံရိုက်ခြင်း၊ ဆင်ရေချိုး သည်ကို စောင့်ကြည့်ခြင်း တို့ ပါဝင်သည်။

၎င်းအပြင် ညအိပ် တည်းခိုလိုသူများ အတွက် သစ်လုံးအိမ်များ တည်ဆောက် ထားပြီး တစ်ညတာ တည်းခိုခမှာ မြန်မာနိုင်ငံသား များအတွက် တစ်ယောက်ခန်းကို ငွေကျပ် ၄ဝဝဝဝ၊ နှစ်ယောက်ခန်းကို ငွေကျပ် ၅ဝဝဝဝ ပေးဆောင်ရပြီး နိုင်ငံခြားသား တစ်ယောက်ခန်းကို အမေရိကန် ဒေါ်လာ ၅ဝ၊ နှစ်ယောက်ခန်းကို အမေရိကန် ဒေါ်လာ ၈ဝ သတ်မှတ် ထားသည်။

၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း ဧည့်သည် အဝင်များ လာသော ဖိုးကျား ဆင်စခန်းကို ၂ဝဝ၂ ခုနှစ် ကတည်းက Eco-Tourism အဖြစ် စတင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ခရီးသွားလုပ်ငန်း အလားအလာ ရှိသည့်နေရာ ၃၉ ခု ရှိသည့်အနက် ၁၁ ခု၌ ခရီးသွား လုပ်ငန်း ဆောင်ရွက်ရာ နေရာ ဖိုးကျား ဆင်စခန်းနှင့်
မြိုင်ဟေဝန် စခန်းများကို မြန်မာ့ သစ်လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်နေပြီး ကျန်ကိုးခုကို သစ်တော ဦးစီးဌာနမှ ဆောင်ရွက် နေကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger