www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 1, 2015

တီထွင်ဖန်တီးသူများ အတွက် မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် Myanmar Intellectual Property Office ဖွင့်လှစ်မည်


ရန်ကုန် ၊ ၁-၁-၂၀၁၅

မူပိုင်ခွင့် ဥပဒေ ထွက်ရှိပါက တီထွင်ဖန်တီး သူများအတွက် မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် Myanmar Intellectual Property Office ကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ စက်မှု၊ ဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် ဥပဒေနှင့် မူပိုင်ခွင့် ဥပဒေ ဟူသော မူပိုင်ခွင့် ဥပဒေ လေးမျိုး ထွက်ရှိရန် ဆောင်ရွက် နေပြီး လက်ရှိတွင် ရှေ့နေချုပ် ရုံးတွင် ဥပဒေ တည်ရှိရန် ဆောင်ရွက်ဆဲ ဖြစ်ပြီး မတ်လတွင် နောက်ဆုံးထား ထွက်ရှိနိုင်ကြောင်း သိရသည်။

''ဥပဒေ ပြဋ္ဌာန်း ထွက်ရှိပြီးရင် တီထွင်ဖန်တီး သူတွေအတွက် ပိုင်ဆိုင်မှု တစ်ခုအနေနဲ့ သေချာအောင် မူပိုင်ခွင့် ရုံးမှာ မှတ်ပုံတင် ရပါမယ်။ ဒါဆိုရင် တီထွင်သူတွေ ဘက်က ဆုံးရှုံးမှုတွေ မရှိတော့ဘူး .. ''ဟု ၄င်းက ပြောသည်။

အဆိုပါ မူပိုင်ခွင့် ဥပဒေ ထွက်ရှိပြီးပါက ဆန်းသစ် တီထွင်သူ များ၏ ကိုယ်အား၊ ဉာဏ်အားများ ဆုံးရှုံးမှု မရှိစေဘဲ အကျိုး ခံစားခွင့်များ ရရှိမည် ဖြစ်ကြောင်း၊ ယင်း မူပိုင်ခွင့် ဥပဒေသည် နယ်ပယ် ကျယ်ပြန့်သည့် အတွက် ဝန်ကြီးဌာနများ နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။ 

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger