www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 15, 2015

ရန်ကုန်လူထုအတွက် နေ့စဉ် ရေဂါလံ သန်း ၂၀၀ ကျော်ပေးဝေ


လဂွန်းပြင် ရေပေးဝေရေး စခန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်

ရန်ကုန် ၊ ၁၅-၁-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ရန်ကုန်လူထု အတွက် နေ့စဉ် ရေဂါလန် သန်း ၂ဝဝ ကျော် ပေးဝေ နေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှု အင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပေးဝေ နေသော်လည်း မြို့နေလူထု၏ ၆၇ ရာခိုင်နှုန်း သာ ရရှိကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်းပါ အချက်အလက် များအရ ရန်ကုန်မြို့ပြ ဧရိယာ၌ နေထိုင်သူ ၅ ဒသမ ၄ သန်း ကျော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရေသုံးစွဲခွင့် မရရှိသေးသူ ၁ ဒသမ ၈ သန်းခန့် ရှိကြောင်း သိရသည်။

အချို့မြို့နယ် များ၌ ရေသွယ်တန်းမှု အသစ်များ ဆိုင်းငံ့ထား ရခြင်းမှာ မူလ သွယ်တန်းထား သူများအား မထိခိုက် စေရန်ဖြစ်ပြီး ရေသွယ်တန်း ထားသည့် အိမ်များပြား လာပါက မူလ သွယ်တန်း ထားသည့် အိမ်များ၌ ရေအား နည်းသွားမည် ဖြစ်သောကြောင့် ခေတ္တဆိုင်းငံ့ ထားရခြင်း ဖြစ်ကြောင်း သိရသည်။ 

ယင်းကိစ္စများ ပြေလည်စေရန် ကုက္ကိုဝ နှင့် တိုးမြစ်မှ မြစ်ရေများ သွယ်ယူ သန့်စင်သည့် စီမံကိန်းများ လုပ်ဆောင် နေကြောင်း သိရသည်။ ထို့အပြင် လဂွန်းပြင် ရေပေးဝေရေး စခန်းကို လက်ရှိ တည်ဆောက်လျက် ရှိပြီး အဆိုပါ စီမံကိန်းများ ပြီးဆုံးပါက ရန်ကုန် မြို့တစ်မြို့လုံးကို ရေလုံလောက်စွာ ပေးဝေ နိုင်မည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger