www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 16, 2015

ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ နိုင်မည့် လုပ်ငန်းခွင် အခြေအနေများ နှင့် အခြေခံ အင်အားစုများကို စာရင်းပြုစုမည်


ရန်ကုန် ၊ ၁၆-၁-၂၀၁၅

နိုင်ငံတစ်ဝန်း နိုင်ငံတကာ နှင့် ပြည်တွင်း လုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်မည့် လုပ်ငန်းခွင် အခြေအနေ များနှင့် အခြေခံ အင်အားစု များကို စာရင်းပြုစုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှ သိရသည်။

ထိုကဲ့သို့ စာရင်းပြုစု ရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုရှိ စက်မှုလက်မှု လုပ်ငန်း၊ စိုက်ပျိုး သီးနှံများမှ ကုန်ချော ထုတ်လုပ်နိုင်မှု၊ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ဆိုင်ရာလုပ်ငန်း တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ကော်မရှင် များကို စာရင်းပြုစု နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ ဦးဆောင်၍ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုမှ စက်မှုလက်မှု ဝန်ကြီးများ စုံညီ အစည်းအဝေး တစ်ရပ်ကို နေပြည်တော် ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံ နိုင်မည့် လုပ်ငန်းစုများ အပေါ် အခြေတည်၍ နိုင်ငံတော် အပိုင်းမှ ဖြည့်ဆည်း ဆောင်ရွက် နိုင်မည့် အချက်များ၊ လုပ်ငန်း လိုအပ်ချက် များကို စနစ်တကျ ပြင်ဆင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

စာရင်းများ ကောက်ယူရာတွင် ပြည်နယ် နှင့် တိုင်းဒေသကြီး များအတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း လုပ်ကိုင်နိုင်မည့် တည်နေရာ အနေအထား၊ အဆောက်အအုံ ဆောက်လုပ် နိုင်မည့် နိုင်ငံတော်ပိုင် မြေကွက်လပ် များကိုပါ ဖော်ထုတ်ပြီး စာရင်း ကောက်ယူမည် ဖြစ်သည်။

အဆိုပါ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နိုင်မည့် လုပ်ငန်းခွင် အခြေအနေ များနှင့် အခြေခံ အင်အားစု များကို စာရင်း ပြုစုခြင်းဖြင့် ရင်းနှီး မြှုပ်နှံမှု အနေအထား အလိုက် လိုအပ်ချက် များလည်း ထွက်ပေါ် လာမည်ဖြစ်ပြီး ရင်းနှီး မတည်မှု အတွက် အတိုးနှုန်း သက်သာမည့် ချေးငွေရရှိရန် လိုအပ်ချက် များ၊ စက်မှုလုပ်ငန်း များအတွက် နည်းပညာပိုင်း ဆိုင်ရာ အားနည်းချက် များလည်း ပေါ်ထွက် လာမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် များက ခန့်မှန်း ထားကြောင်း သိရသည်။(၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger