www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 16, 2015

ရန်ကုန်မြို့ ၌ ရှေးဟောင်းပစ္စည်းများ ရောင်းချသော လမ်းဘေးဆိုင်များ ပိုမိုများပြားလာ



ရန်ကုန် ၊ ၁၆-၁-၂ဝ၁၅

နိုင်ငံခြား ခရီးသွား ဧည့်သည်များ အပေါ် မှီခိုအားထား နေကြရသော လုပ်ငန်းများ ထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် ရှေးဟောင်းပစ္စည်း ရောင်းချသည့် ဆိုင်များ၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို လာရောက်၍
ဝယ်ယူအားပေး သောကြောင့် အဆိုပါ လုပ်ငန်း လုပ်ကိုင်သူများ ပိုမိုများပြား လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် များကို နိုင်ငံခြားသားများ လာရောက် လည်ပတ်မှု များသည့် ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ၊ ညောင်ဦး စသည့် မြို့များ၌ အများဆုံး တွေ့ရသည်။ အဆိုပါ မြို့များအနက် ရန်ကုန်မြို့ရှိ ရှေးဟောင်း ပစ္စည်းများ ရောင်းချသော ဆိုင်ကြီးများ၌ သာမက လမ်းဘေး ဆိုင်ငယ်များ ၌လည်း နိုင်ငံခြား ခရီးသွား ဧည့်သည် များက ရှေးဟောင်း ပစ္စည်းများကို ဝယ်ယူ အားပေးမှု ပိုမိုများပြား လာခဲ့သည်။ယခုအခါ နိုင်ငံခြားသားများ အသွားအလာ များသော နေရာများ၌ ရှေးဟောင်းပစ္စည်း လမ်းဘေး အရောင်း ဆိုင်ငယ် များကို တိုးချဲ့ဖွင့်လှစ် လာကြသည်။

လာရောက် ဝယ်ယူ အားပေးကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် များတွင် အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ စသော နိုင်ငံများမှ အနောက် တိုင်းသားများ နှင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ တိုင်ဝမ် စသည့် နိုင်ငံများမှ အာရှတိုက် သားများ အများဆုံး တွေ့ရသည်။

အဝယ်များသော ရှေးဟောင်း ပစ္စည်းများမှာ ကင်မရာ၊ တယ်လီဖုန်း၊ မှန်ဘီလူး၊ ခေါင်းလောင်း၊ ရေနွေးကရား၊ မျက်မှန်၊ ဒင်္ဂါးပြား များနှင့် ပိုက်ဆံ အဟောင်းများ စသည်တို့ ဖြစ်ကြပြီး နိုင်ငံခြားသားများ လာရောက် လည်ပတ်မှု များသော ဆောင်းရာသီ ပိုင်း၌ သာမက တစ်နှစ်ပတ်လုံး နီးပါးတွင် အရောင်းအဝယ် ရှိကြောင်း ဗိုလ်ချုပ် အောင်ဆန်းဈေး ရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger