www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 22, 2015

ဒီဇင်ဘာလအတွင်း ဥရောပ နှင့် အာဖရိက အပါအ၀င် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် လေးသောင်းခန့် တင်ပို့



ရန်ကုန် ၊ ၂၂-၁-၂၀၁၅

မြန်မာ့ဆန်ဖြူကို နိုင်ငံတကာသို့ တင်ပို့လျက် ရှိရာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း ဥရောပ နိုင်ငံများ၊ အာဖရိက နှင့် အာရှနိုင်ငံ များသို့ မြန်မာ့ဆန်ဖြူ တင်ပို့မှု တန်ချိန် ၃၉၅၆၁ တန် ရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။ 

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း ဆန်ဖြူ တင်ပို့မှု တန်ချိန် ၃၉၅၆၁ တန်၏ တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၃၅ သန်း ရရှိခဲ့ပြီး ဆန်ဖြူအပြင် ပေါင်းဆန် ကိုလည်း ဒီဇင်ဘာလ တစ်လအတွင်း တန်ချိန် ၆၃၉၆ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၂ ဒသမ ၇၈ဝ ရရှိ ခဲ့သည်။

ဆန်ဖြူ တင်ပို့မှု အမျိုးအစား အလိုက် စာရင်းအရ ဧည့်မထဆန် တန်ချိန် ၂၃၄၄ဝ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၃၇၅ သန်းဖိုးကို စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ သီရိလင်္ကာ နိုင်ငံ၊ ရုရှားနိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဘူလ်ဂေးရီးယား နိုင်ငံနှင့် အာဖရိကရှိ နိုင်ဂျာ၊ ဂါနာ၊ အိုင်ဗရီကို့စ် နိုင်ငံတို့သို့ တင်ပို့ခဲ့ ရကြောင်း သိရသည်။ ဧည့်မထ ၅ မှတ်ဆန် ၇၂၂၉ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ဝ၆ သန်းကို စင်ကာပူနိုင်ငံ၊ ရုရှား နိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဘူလ်ဂေးရီးယား နိုင်ငံ၊ ခရိုတီးယား နိုင်ငံနှင့် ဂါနာနိုင်ငံ တို့သို့ တင်ပို့ ခဲ့ရကြောင်း သိရသည်။ 

ဧည့်မထ ၁ဝ မှတ် ဆန် ၃၇၅ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၄၆ သန်းကို ရုရှားနိုင်ငံနှင့် ဘူလ်ဂေးရီးယား နိုင်ငံတို့သို့ တင်ပို့ခဲ့ ရကြောင်း သိရသည်။ ဧည့်မထ ၁၅ မှတ်ဆန် တန်ချိန် ၁ဝ၈ဝ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၄ဝ၅ သန်းဖိုးကို စင်ကာပူနိုင်ငံ၊ ပိုလန်နိုင်ငံ နှင့် ရိုမေးနီးယား နိုင်ငံ တို့သို့ တင်ပို့ခဲ့ ရကြောင်း သိရသည်။

ငစိန်ဆန် အမျိုးအစား များတွင် ငစိန် ၂၅ မှတ်ဆန် တန်ချိန် ၁၆၉ဝ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၁ ဒသမ ၂၈ဝ ကို သီရိလင်္ကာ နိုင်ငံ၊ ဘူလ်ဂေးရီးယား နိုင်ငံ၊ ဟောင်ကောင် နှင့် စင်ကာပူနိုင်ငံ တို့သို့ တင်ပို့ခဲ့ ရကြောင်း သိရသည်။ ငစိန် ၁၅ မှတ်ဆန် ကို ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ပြီး တန်ချိန် ၂၅ဝ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၉၃ သန်းရှိကြောင်း သိရသည်။ ငစိန် ၁ဝ မှတ်ဆန် ၁၄၇၆ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၅၇၆ သန်းကို ဂါနာနိုင်ငံသို့ တင်ပို့ ခဲ့ရကြောင်း သိရသည်။ ငစိန် ၅ မှတ်ဆန် ၄ဝ၂၁ တန် တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၅၄ သန်းကို ရုရှားနိုင်ငံ၊ ရိုမေးနီးယား နိုင်ငံ၊ ဘူလ်ဂေးရီးယား နိုင်ငံ၊ စပိန်နိုင်ငံ နှင့် ပိုလန်နိုင်ငံ တို့သို့ အသီးသီး တင်ပို့ ထားခဲ့ကြောင်း သိရသည်။

ပေါင်းဆန် ၆၃၉၆ တန် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၈ဝ သန်း ကို ဗြိတိန်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ လစ်သူယေးနီးယား နိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သို့ တင်ပို့ ခဲ့ရကြောင်း သိရသည်။

မြန်မာ့ဆန်နှင့် ဆန်ကွဲများ ပြည်ပ တင်ပို့မှုမှာ ယခု ဘဏ္ဍာနှစ် ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ဆန်တန်ချိန် ၁၂၈၁၆ဝဝ ကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၆၄ သန်းကျော် ရရှိထားကြောင်း သိရသည်။ အဆိုပါ တင်ပို့မှုမှာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန် ဒေါ်လာ သန်း ၁၅ဝ ကျော်ဖိုး ပိုမိုတင်ပို့ ထားကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။

လင်းသစ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger